ယူနန်ပြည်နယ်

July 21, 2021

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ၃ ဆကျော်မြင့်တက်

မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်နိုင်ငံ  ယူနန်ပြည်နယ်မှာ  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ၃ ဆကျော် အထိမြင့်တက်လာနေတယ်လို့ တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။ 

ဇူလိုင် ၁၉ ရက်နေ့က နယ်စပ်မြို့ ရွှေလီနဲ့ လျောင်ချွမ်းမှာ  ကိုဗစ်-၁၉ ကူးစက်ခံရသူ  ၄၉  ဦး ရှိရာမှာ ၄၁ဦးက မြန်မာနိုင်ငံကနေ ပြန်လာကြတဲ့ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ကျန် ၈ ဦးက ပြည်တွင်းကူးစက်မှုလို့  ယူနန်ပြည်နယ်လက်ထောက်အုပ်ချုပ်ရေးမှူးက  ဆိုပါတယ်။

ဇူလိုင်လ ၆ ရက်ကလည်း မြန်မာနိုင်ငံသား ၁၂ ဦး အပါအဝင် ၁၅ ဦး ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ယူနန်ပြည်နယ်မှာ လက်ရှိ ရောဂါ ကူးစက်မှုဟာ  ကိုရိုနာဗိုင်းရပ်စ် ဒဲလ်တာမျိုးကွဲရဲ့ ဒုတိယလှိုင်းကို ကြုံရတာဖြစ်ပါတယ်။

ပထမလှိုင်းဟာ မေလအကုန်မှာ ကွမ်တုန်းနယ်မှာ ဖြစ်ပွားခဲ့ပြီး အဲဒီတုန်းကတော့ အဓိကဆိပ်ကမ်း အတော်များများကို ပိတ်ပစ်ခဲ့ရကာ  ပြည်တွင်း ၊ပြည်ပ ကုန်သွယ်ရေးတွေ သိသိသာသာ ထိခိုက်ခဲ့ရပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၁ ဦးရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၀ ရက်မှာ  ထုတ်ပြန်ထားပါတယ်။ 

3 months Ago

November 15, 2020

ယူနန်ပြည်နယ်က မန္တလေးတိုင်းအစိုးရကို သိန်း ၈၀၀၀ တန်ဖိုးရှိ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရဟာ မန္တလေးတိုင်းအစိုးရအဖွဲ့ကို မြန်မာငွေကျပ်သိန်း ၈၀၀၀ တန်ဖိုးရှိတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေ လှူဒါန်းလိုက်ပါတယ်။ ယူနန်ပြည်နယ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင် ဖြစ်တဲ့အချိန်ကစပြီး မန္တလေးတိုင်း အစိုးကို ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေ ပံ့ပိုးကူညီခဲ့သလို ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာန တည်ဆောက်ပြီး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ယူနန်ပြည်နယ်က အထူးလုပ်ငန်းအဖွဲ့ ပညာရှင်တွေနဲ့ ဓာတ်ခွဲခန်းစက်ပစ္စည်းကိရိယာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ မနေ့က ပစ္စည်းတွေလက်ခံတဲ့ အခမ်းအနားမှာ တိုင်း  ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါတွေဟာ ကြီးမားတဲ့ ချစ်ကြည်ရေးသမိုင်းမှတ်တိုင် တခုဖြစ်ပြီး ယူနန်ပြည်နယ်အစိုးရနဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့တို့အကြား သမိုင်းအစဉ်အလာ ကြီးမားတဲ့ ရင်းနှီးချစ်ကြည်မှု ဆက်ဆံရေးကို ပိုပြီး တိုးမြှင့်သွားမယ်လို့လည်း ပြောပါတယ်။ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ် Mr.Chen Chen  ကလည်း ဒါဟာ ယူနန် ပြည်နယ်အစိုးရကနေ မန္တလေးတိုင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေဖြစ်တဲ့ အသက်ရှူစက်၊ PPE ဝတ်စုံနဲ့ နှာခေါင်းစည်းတွေ တတိယအကြိမ်မြောက် လှူဒါန်းတာဖြစ်ပြီး အခုဖြစ်နေတဲ့ ကပ်ရောဂါကို မြန်မာနိုင်ငံအစိုးရက ကြိုးစားပြီး ထိန်းချုပ်တိုက်ဖျက်နေသလို တရုတ်နိုင်ငံအနေနဲ့လည်း အိမ်နီးချင်းကောင်း မြန်မာနိုင်ငံကို အကူအညီတွေ ဆက်ပေးသွားမယ်လို့ ပြောပါတယ်။ Photo : Myanmaalinn
11 months Ago
More News
Up