ယူနန်ပြည်နယ်တွင် မိုးသည်းထန်ပြီး မြေပြိုမှုနှင့် တောင်ပြိုမှုများ ဖြစ်

A d v e r t i s e m e n t With Us

September 20, 2016

ယူနန်ပြည်နယ်တွင် မိုးသည်းထန်ပြီး မြေပြိုမှုနှင့် တောင်ပြိုမှုများ ဖြစ် (ရုပ်သံ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်းက ယူနန်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်တွေအတွင်း မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး မြေပြိုမှုနဲ့ တောင်ပြိုမှုတွေ နေရာအများအပြားမှာ ဖြစ်ပွားခဲ့ပါတယ်။ ယူနန်ပြည်နယ်ထဲက မြို့နယ် ၁၀ မြို့နယ်နဲ့ ကျေးရွာ ၂၅၀ ကျော်မှာ မြေပြိုမှုတွေ ဖြစ်ခဲ့ပြီး အများပိုင်အဆောက်အဦ ၇၂ ခုလည်း ပျက်စီးတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ ရထားလမ်းနဲ့ အဝေးပြေးကားလမ်းတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ ယန်ဇီမြစ်ရဲ့ မြစ်ဖျားဖြစ်တဲ့ ဂျင်းရှားမြစ်၊ မြစ်လက်တက်အတွင်း မြေပြိုမှုမှာ ဂျင်းရှားမြစ်ကြောင်းတခုလုံးကို ပိတ်ဆို့သွားခဲ့ပါတယ်။ ပြိုကျခဲ့တဲ့ ရွှံ့မြေတွေနဲ့ နေအိမ်တလုံး ပါသွားပေမယ့် အိမ်ထဲမှာ လူမရှိခဲ့ပါဘူး။ ပြိုကျခဲ့တဲ့ ရွှံ့မြေတွေကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းဖို့ အင်ဂျင်နီယာတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ကျွမ်းကျင်သူတွေ အများအပြား ရောက်ရှိနေကြပြီလို့ ဒေသခံအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
4 years Ago
Up