ယူနန်ခရိုင် ဆစ်ဆောင်ပနားက ရှမ်းသင်္ကြန်

April 16, 2016

ယူနန်ခရိုင် ဆစ်ဆောင်ပနားက ရှမ်းအနွယ်များ၏ သင်္ကြန်

တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ခရိုင် ဆစ်ဆောင်ပနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ မြို့တော် ဂျန်ဟောင်မှာ ရှမ်းအနွယ် Dai လူမျိုးတွေက သင်္ကြန်ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပနေပါတယ်။ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ Dai လူနည်းစုတွေရဲ့ နှစ်ကူး ရေပက်ဖြန်းတဲ့ပွဲကို ကျင်းပနေတာလို့ တရုတ် စီစီတီဗွီ သတင်းက ဓာတ်ပုံတွေနဲ့ တကွ ပွဲတော်အကြောင်း ဖော်ပြထားပါတယ်။ ပွဲတော်ကို ဧပြီ ၁၃ ကနေ ၁၄ ရက်အထိကျင်းပတာ ဖြစ်သလို ပွဲတော်အတွင်းမှာ လာရောက်လည်ပတ်သူတွေက ၀တ်ကောင်းစားလှကို ၀တ်ဆင်ပြီး သန့်ရှင်းတဲ့ ရေကို သယ်ဆောင်ကာ ဘုရားကျောင်းကို သွားတယ်လို့ ဆိုပါတယ်။ ဒီနောက် ဗုဒ္ဓဆင်းတုတော်ကို ရေသပ္ပါယ်ပြီး ပျော်ရွှင် ကျန်းမာကံကောင်းဖို့ အချင်းချင်းအပြန်အလှန် ရေလောင်းတယ်လို့ ဆိုပါတယ်။
6 years Ago
Up