ယူနန်

September 9, 2018

ယူနန်ပြည်နယ်တွင် ပြင်းအား ၅ ဒသမ ၉ ဆင့်ရှိ ငလျင်လှုပ်ခတ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ စက်တင်ဘာ ၈  ရက်နေ့က ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပါတယ်။ အဲဒီမြေငလျင်ဟာ မိုကျီအန်း ဟန်နီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  မြေအောက် ၁၁ ကီလိုမီတာ အနက်ကနေ လှုပ်ခဲ့တယ်လို့ တရုတ်မြေငလျင်ကွန်ရက်စင်တာက သတင်းထုတ်ပြန်ပါတယ်။ မြေငလျင်ကြောင့် အိမ်တွေ ခါယမ်းခဲ့ပြီး ဒေသခံတွေဟာ နေအိမ်အပြင်ဘက် ထွက်နေခဲ့ကြပါတယ်။ မြေငလျင်လှုပ်ခတ်မှုကို ကီလိုမီတာ ၂၇၀ အကွာမှာရှိတဲ့  ကူမင်းမြို့ရှိ အထပ်မြင့် အဆောက်အဦနေ ပြည်သူတွေလည်း သိရှိခဲ့တယ်လို့ ဆိုပါတယ်။ မြေငလျင်ကြောင့် လူ ၄ ဦး အနည်းငယ်ဒဏ်ရာရခဲ့ပြီး သေဆုံးသူမရှိဘူးလို့ ဒေသအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
3 years Ago
Up