ယူဂန်ဒါသမ္မတ

A d v e r t i s e m e n t With Us

April 10, 2020

အခန်းကျဉ်းထဲ လေ့ကျင့်ခန်းလုပ်နည်း ၇၅ နှစ်အရွယ် ယူဂန်ဒါသမ္မတ ပြသ (ရုပ်သံ)

အာဖရိကတိုက်က သမ္မတတွေဟာ လေ့ကျင့်ခန်းတွေ ဂီတတွေကနေတဆင့် ပြည်သူတွေ သွေးစည်းညီညွတ်ကြဖို့ တိုက်တွန်းနေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တနိုင်ငံလုံး ရောဂါခြေချုပ်နဲ့ အသွားအလာ ကန့်သတ်ထားတဲ့ ယူဂန်ဒါနိုင်ငံမှာ အသက် ၇၅ နှစ်အရွယ် သမ္မတက လေ့ကျင့်ခန်းလုပ်နေတဲ့ ရုပ်သံကို ဧပြီ ၉ရက်မှာ ထုတ်လွှင့်ခဲ့တာပါ။ နေရာကျဉ်းကျဉ်းမှာ ဘယ်လို လေ့ကျင့်ခန်း လုပ်လို့ရလည်းဆိုတာ ပြတာလို့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ သမ္မတက ပြောပါတယ်။ လူနေထူထပ်တဲ့ မြို့ပြနေရာတွေမှာ လူအများအပြားက အိမ်အပြင်ထွက် လေ့ကျင့်ခန်း လုပ်နေသူ များလွန်းနေတယ်လို့ ဧပြီ ၈ ရက်က ပြောကြားခဲ့ပြီးနောက် အိမ်တွင်းမှာ ဘယ်လို လေ့ကျင့်လို့ရတယ်ဆိုတာ ပြမယ်လို့ သမ္မတ ကတိပေးခဲ့တာပါ။ ယူဂန်ဒါနိုင်ငံမှာ ဒီနေ့ညနေပိုင်းအထိ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၃ ယောက်ရှိပြီး သေဆုံးသူ မရှိသေးပါဘူး။ ဧပြီ ၈ ရက်က အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်တဲ့ လိုက်ဘေးရီးယားနိုင်ငံမှာလည်း သမ္မတက သီချင်းဆိုနေတဲ့ ရုပ်သံကို ထုတ်လွှင့်ပြီး ရောဂါတိုက်ဖျက်ရေးအတွက် ပြည်သူတွေ အား လုံးအတူ ပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အာဖရိကမှာ ကျန်းမာရေး စနစ်ရော စီးပွားရေးကပါ ထိခိုက်လွယ်တဲ့ အခြေအနေမှာ ရှိနေတာမို့ ကိုရိုနာဗိုင်းရပ်စ်ဟာ စီးပွားရေးနဲ့ လူမှုရေး  အပျက်အစီး များလိမ့်မယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးထားပါတယ်။
11 months Ago
Up