ယူဂန္ဓာသူပုန်ခေါင်းဆောင် တစ်ဦးကို စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အပြစ်ရှိတယ်လို့ နိုင်ငံတကာ ရာဇဝတ်တရားရုံးက ဖေဖော်ဝါရီ ၄ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
သူပုန်ခေါင်းဆောင် ဒိုမစ်နစ်အော်ဝင်ဟာ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ပြစ်မှု ပေါင်း ၇၀ မှာ ၆၁ မှု ကျူးလွန်တယ်လို့ နိုင်ငံတကာ ရာဇဝတ်တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။
အော်ဝင်ကိုယ်တိုင်ငယ်စဉ်က Lord's Resistance Army ဆိုတဲ့ သူပုန်အဖွဲ့က ကလေးစစ်သားအဖြစ် စုဆောင်းခံရပါတယ်။
၂၀၀၂ နဲ့ ၂၀၀၅ ခုနှစ်အတွင်း အော်ဝင်ဟာ ရာဇဝတ်မှုတွေကို စိတ်တိုင်းကျ ကျူးလွန်ခဲ့ပါတယ်။
သူဟာ မုဒိန်းမှု၊ လိင်ပိုင်းကျေးကျွန်ပြုမှု၊ ကလေးပြန်ပေးဆွဲမှု၊ နှိပ်စက်မှု နဲ့ မွေးကင်းစ ကလေးတွေအပါအဝင် သတ်ဖြတ်မှုတွေမှာ ပြစ်မှုထင်ရှားခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။