အသက် ၇၄ နှစ်အရွယ် ယူဂန်ဒါသမ္မတဟာ နိုင်ငံ့လူငယ်ထုကို ရည်ရွယ်တဲ့ သူ့စာလေးစောင်ထဲမှာ လူငယ်တွေကို မြေးတွေလို့ ခေါ်ဝေါ်ရေးသားခဲ့ပါတယ်။
ယူဂန်ဒါ လူငယ်ထုကတော့ သမ္မတဟာ သူတို့အရေးကို အလေးထားမလားဆိုပြီး မေးခွန်းထုတ်ကြပါတယ်။
အခုလအစောပိုင်းမှာ ရွေးကောက်ပွဲဆန္ဒပြမှု ထိပ်ဆုံးရောက်ခဲ့ပြီးတဲ့နောက် ယူဂန်ဒါသမ္မတ ယိုဝါရီမူဆာဗန်နီဟာ ဖေ့ဘွတ်ခ်ကိုသုံးပြီး နိုင်ငံ့လူငယ်ထုကို ရည်ရွယ်တဲ့ စာလေးစောင်ရေးသားခဲ့ပါတယ်။
အဲဒီစာတွေထဲမှာ အတိုက်အခံကိုထောက်ခံတဲ့ လူငယ်ထုကို မြေးတွေလို့ ခေါ်ခဲ့ပါတယ်။ လူငယ်ဟာသပညာရှင် ရစ်ချက်တူဝမ်ဂဲကတော့ ယူဂန်ဒါသက်ကြီး ခေါင်းဆောင်တွေအနေနဲ့ လူငယ့်အသံကို နားထောင်သင့်တယ်လို့ပြောပါတယ်။
“ဒီနိုင်ငံရေးမုန်တိုင်းက ပိုနေမြဲ ကျားနေမြဲ အခြေအနေကို အပြောင်းအလဲဖြစ်စေခဲ့တယ်။ လူငယ်တွေ အနေနဲ့လည်း တိုးတက်ရေး၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ ကိစ္စရပ်တွေအပေါ် သူတို့ရဲ့ စိုးရိမ်မှုတွေ လျော့ပါးချင်ကြပါလိမ့်မယ်”လို့ သူကပြောပါတယ်။
နိုင်ငံကို နှစ် ၃ဝ လောက်အုပ်ချုပ်ခဲ့ပြီး ဆက်ပြီးတော့ အုပ်ချုပ်ဦးမယ့် သမ္မတ ယိုဝါရီအနေနဲ့ လူငယ်တွေကြားရောက်အောင်ကြိုးပမ်းတာလည်း သဘာဝကျပါတယ်။
ဘာ့ကြောင့်လဲဆို နိုင်ငံသားစုစုပေါင်းရဲ့ ၃ဝ ရာခိုင်နှုန်းက အသက် ၃ဝ အောက် လူငယ်တွေပါ။
ကမ္ဘာမှာ လူငယ်လူဦးရေအများဆုံး ဖြစ်ပေမယ့် လူငယ်တွေကတော့ အသက်ကြီးနေတဲ့သူတို့ သမ္မတကို သဘောတွေ့မှု နည်းလာပါတယ်။
သမ္မတကို ထောက်ခံသူတွေကတော့ ယူဂန်ဒါမှာ ဖြစ်နေသမျှအကုန်ကို သမ္မတတဦးတည်းကို အပြစ်တင်လို့မရသလို လူငယ်ထုကလည်း တတ်နိုင်သမျှ တာဝန်ယူဖို့လိုတယ်လို့ ပြောပါတယ်။
“သမ္မတက လူငယ်မဟုတ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူ့ မူဝါဒတွေ၊ အစီအစဉ်တွေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ကိစ္စတွေမှာ လူငယ်တွေနဲ့ ကိုက်ညီစေမယ့် ကိစ္စတွေကို ဖော်ဆောင်လုပ်နေတာရှိပါတယ်။ ဒါက ပဲ ခေါင်းဆောင်မှုပိုင်းဖြစ်တယ်” လို့ အမျိုးသားတိုးတက်မှု ပါတီအဖွဲ့ဝင် မိုက်စီဘူလာက ပြောပါတယ်။
ဒါပေမယ့် လူငယ်တွေကတော့ ဘော်ဘီဝိုင်းလို့ခေါ်တဲ့ ယူဂန်ဒါဂီတပညာရှင် ရောဘတ်လို လူငယ်တွေ ခေါင်းဆောင် ဖြစ်လာရေးလိုလားကြပါတယ်။
အာဏာပိုင်တွေကတော့ ဘော်ဘီကို ပုန်ကန်မှုနဲ့တရား စွဲထားပါတယ်။ ဒီလုပ်ဟာ ဘော်ဘီရဲ့ထောက်ခံမှုရနှုန်းကို ဖိအားပေး တဲ့လုပ်ရပ်လို့ အများက မြင်ကြပါတယ်။
“ပထမဆုံးပြောရရင် ဘော်ဘီက နားထောင်နိုင်စွမ်းရှိတယ်။ လူငယ်ထုတွေရဲ့ အတွေးတွေကို ပြင်ဆင်ပေး နိုင်တယ်ဆိုတဲ့ သတင်းစကားကို ပါးနိုင်သလို ပေးနိုင်စွမ်းလည်း ရှိသူဖြစ်တယ်။ ဒါကပဲ ကျနော်တို့ လိုချင်တဲ့ အနာဂတ်ဖြစ်တယ်။ ခင်ဗျားက ၇၅ နှစ်ဖြစ်နေ မှတော့ ဘယ်လိုအနာဂတ်မျိုး ရှိနိုင်တော့မှာလဲလို့ နိုင်ငံရေးအကဲခတ် ပထရစ်ဝါကီဒါက မေးခွန်းထုတ်ပါတယ်။ အလုပ်အကိုင်ရရှိရေးလို လူငယ်ပြဿနာတွေဟာ နောက်ဆုံးမှာ အင်အားနဲ့ဖြေရှင်းရတာမျိုး မဖြစ်အောင်တော့ သမ္မတတယောက် သတိထားကိုင်တွယ်မှာတော့ အသေအချာပါပဲ။
5 years Ago