ယူကျု

August 7, 2019

ယူကျုပေါ် ကြည့်ရှုသူ ၂၇ သန်းကျော်ရှိနေသည့် Dora and the Lost City of Gold ရုပ်ရှင် (နမူနာ)

ချစ်စရာကောင်းတဲ့ Hollywood Family Adventure ရုပ်ရှင်ကားတကားဖြစ်တဲ့ Dora and the Lost City of Gold ရုပ်ရှင်ကို လာမယ့် သြဂုတ် ၉ ရက်နေ့ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Paramount Pictures က တင်ဆက်လိုက်တာဖြစ်ပြီး ဗြိတိန် ရုပ်ရှင်ဒါရိုက်တာ James Bobin က ရိုက်ကူး ပုံဖော်ပေးထားပါတယ်။ ဒိုရာလို့ ကြားလိုက်တာနဲ့ ပရိသတ်တွေက ငယ်ဘဝဇာတ်ကောင် ဒိုရာဆိုတဲ့ ၇ နှစ်အရွယ် ကာတွန်းဇာတ်ကောင် ကောင်မလေးတယောက်ကို ပြေးမြင်မိကြမှာပါ။ Dora The Explorer အမည်နဲ့ ၂၀၀၀ ပြည့်နှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး ပရိသတ်တွေ အားပေးလက်ခံခဲ့ကြတဲ့ နာမည်ကြီး အမေရိကန် ရုပ်သံစီးရီးကို Live Action အနေနဲ့ အသက်သွင်း ပုံဖော်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ဒိုရာကို အထက်တန်းကျောင်းသူ ဆယ်ကျော်သက် ကောင်မလေးအဖြစ် ပြန်လည်မြင်တွေ့ရမှာပါ။ လေ့လာရေးထွက်ရင်း ဒုက္ခရောက်နေတဲ့ မိဘတွေကို ကယ်တင်ဖို့ သူ့ရဲ့အချစ်တော် မျောက်ကလေး Boots၊ တခြားသူငယ်ချင်းတွေနဲ့အတူ ပျောက်ဆုံးနေတဲ့ Inca ရွှေမြို့တော်ကြီးဆီ စွန့်စားခန်း ထွက်ကြတာတွေကို ဒီကားထဲမှာ ပရိသတ်တွေ ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင် Dora နေရာမှာတော့ အမေရိကန် ဆယ်ကျော်သက် သရုပ်ဆောင်မင်းသမီး Isabela Moner က ခေါင်းဆောင်ပါဝင်ထားပြီး တခြား ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Eugenio Derbez၊ Michael Peña၊ Eva Longoria တို့ကလည်း ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ နာမည်ကြီး အသံသရုပ်ဆောင် မင်းသား Danny Trejo ကတော့ မျောက်ကလေး Boots အဖြစ် အသံနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သြစတေးလျနိုင်ငံ Gold Coast၊ Queensland စတဲ့ ဒေသတွေမှာ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကား နမူနာဟာ ယူကျုပေါ်မှာတော့ လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂၇ သန်းကျော် ရှိနေပါတယ်။ ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialogue တွေက ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။
Zawgyi Version ယူက်ဳေပၚ ၾကည့္ရႈသူ ၂၇ သန္းေက်ာ္ရွိေနသည့္ Dora and the Lost City of Gold ႐ုပ္ရွင္ (နမူနာ) DVB ခ်စ္စရာေကာင္းတဲ့ Hollywood Family Adventure ႐ုပ္ရွင္ကားတကားျဖစ္တဲ့ Dora and the Lost City of Gold ႐ုပ္ရွင္ကို လာမယ့္ ၾသဂုတ္ ၉ ရက္ေန႔ ႐ုံတင္ ျပသေတာ့မွာ ျဖစ္ပါတယ္။ ဒီကားကိုေတာ့ နာမည္ႀကီး ႐ုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီတခုျဖစ္တဲ့ Paramount Pictures က တင္ဆက္လိုက္တာျဖစ္ၿပီး ၿဗိတိန္ ႐ုပ္ရွင္ဒါ႐ိုက္တာ James Bobin က ႐ိုက္ကူး ပုံေဖာ္ေပးထားပါတယ္။ ဒိုရာလို႔ ၾကားလိုက္တာနဲ႔ ပရိသတ္ေတြက ငယ္ဘဝဇာတ္ေကာင္ ဒိုရာဆိုတဲ့ ၇ ႏွစ္အ႐ြယ္ ကာတြန္းဇာတ္ေကာင္ ေကာင္မေလးတေယာက္ကို ေျပးျမင္မိၾကမွာပါ။ Dora The Explorer အမည္နဲ႔ ၂၀၀၀ ျပည့္ႏွစ္မွာ စတင္ထုတ္လႊင့္ခဲ့ၿပီး ပရိသတ္ေတြ အားေပးလက္ခံခဲ့ၾကတဲ့ နာမည္ႀကီး အေမရိကန္ ႐ုပ္သံစီးရီးကို Live Action အေနနဲ႔ အသက္သြင္း ပုံေဖာ္႐ိုက္ကူးထားတဲ့ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ဒိုရာကို အထက္တန္းေက်ာင္းသူ ဆယ္ေက်ာ္သက္ ေကာင္မေလးအျဖစ္ ျပန္လည္ျမင္ေတြ႕ရမွာပါ။ ေလ့လာေရးထြက္ရင္း ဒုကၡေရာက္ေနတဲ့ မိဘေတြကို ကယ္တင္ဖို႔ သူ႔ရဲ႕အခ်စ္ေတာ္ ေမ်ာက္ကေလး Boots၊ တျခားသူငယ္ခ်င္းေတြနဲ႔အတူ ေပ်ာက္ဆုံးေနတဲ့ Inca ေ႐ႊၿမိဳ႕ေတာ္ႀကီးဆီ စြန႔္စားခန္း ထြက္ၾကတာေတြကို ဒီကားထဲမွာ ပရိသတ္ေတြ ရႈစားၾကရမွာပါ။ ဒီ႐ုပ္ရွင္ကားထဲက အဓိကဇာတ္ေကာင္ Dora ေနရာမွာေတာ့ အေမရိကန္ ဆယ္ေက်ာ္သက္ သ႐ုပ္ေဆာင္မင္းသမီး Isabela Moner က ေခါင္းေဆာင္ပါဝင္ထားၿပီး တျခား ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Eugenio Derbez၊ Michael Peña၊ Eva Longoria တို႔ကလည္း ပါဝင္ထားခဲ့ၾကတာ ျဖစ္ပါတယ္။ နာမည္ႀကီး အသံသ႐ုပ္ေဆာင္ မင္းသား Danny Trejo ကေတာ့ ေမ်ာက္ကေလး Boots အျဖစ္ အသံနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ၾသစေတးလ်ႏိုင္ငံ Gold Coast၊ Queensland စတဲ့ ေဒသေတြမွာ ႐ိုက္ကူးထားတဲ့ ဒီ႐ုပ္ရွင္ကား နမူနာဟာ ယူက်ဳေပၚမွာေတာ့ လတ္တေလာအခ်ိန္ထိ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၂၇ သန္းေက်ာ္ ရွိေနပါတယ္။ ၾကာျမင့္ခ်ိန္ ၁၀၂ မိနစ္ရွိတဲ့ ဒီကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္း ျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialogue ေတြက ကေလးေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ PG အဆင့္ သတ္မွတ္ထားပါတယ္။
2 years Ago
Up