ယူကရိန်းအသင်းလူစာရင်

October 9, 2020

ဂိုးသမားများ ကိုဗစ်ကူးခံရသဖြင့် ၄၅ နှစ်အရွယ် ဂိုးသမားကို ယူကရိန်းအသင်းလူစာရင်း၌ ထည့်သွင်း

အသင်းကစားသမားတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခဲ့တာကြောင့် ယူကရိန်အသင်းဟာ ပြင်သစ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှ အသက် ၄၅ နှစ်အရွယ် လက်ထောက်ဂိုးနည်းပြ ရှော့ဗ်ကော့ဗ်စကီးကို အသင်းလူစာရင်းမှာ ထည့်သွင်းခဲ့ရပါတယ်။   ဒီပွဲအတွက် ယူကရိန်းအသင်းမှာ ရွေးချယ်ထားတဲ့ ဂိုးသမား ၃ ယောက်စလုံးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး အသင်းမှာ ဂိုးသမား တဦးသာ ကျန်တော့ပါတယ်။ ဒါ့ကြောင့် အသင်းအတွက် အရန်ဂိုးသမား တဦး လိုအပ်ခဲ့ပြီး လိုအပ်တဲ့နေရာမှာ ဒိုင်နမို ဂိုးသမားဟောင်း ရှော့ဇ်ကော့ဗ်စကီးကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။  ရှော့ဗ်ကော့စကီးဟာ ၂၀၁၆ ခုနှစ်မှာ အားကစားလောကကနေ အနားယူသွားခဲ့သူဖြစ်ပြီး ၁၉၉၄ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်းမှာလည်း နိုင်ငံအသင်းအတွက် ၉၂ ပွဲကစားခဲ့ဖူးသူဖြစ်ပါတယ်။  “ရှော့ဗ်ကော့ဗ်စကီးဟာ ၂၀၁၆ ခုနှစ်ကတည်းက ကစားသမားဘဝကနေ အနားယူသွားခဲ့ သူဖြစ်ပေမဲ့ လေ့ကျင့်ရေး ပုံမှန်ပြုလုပ်မှုကြောင့် ကြံ့ခိုင်ရေးကောင်းမွန်နေသေးကြောင့် သူ့ကို ဝင်ရောက်ကစားဖို့ ရည်ရွယ်ခြင်း မရှိပေမဲ့ အသင်းလူစာရင်းမှာ ထည့်သွင်းခဲ့တယ်” လို့ ယူကရိန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာပါတယ်။  သူဟာ ကျန်ရှိနေသေးတဲ့ ဂိုးသမား မကစားနိုင်တဲ့အခြေအနေမှသာ ဝင်ရောက်ကစားမှာ ဖြစ်တယ်လို့လည်း ဒီကြေညာချက်မှာဖော်ပြထားပါတယ်။  ဒါပေမယ့် ဒီပွဲစဉ်မှာ ယူကရိန်းအသင်းဟာ ပြင်သစ်အသင်းကို ၇ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ပြီး ရှော့ဗ်ကော့ဗ်စကီးဟာလည်း ဝင်ရောက်ကစားဖို့ မလိုအပ်ခဲ့ပါဘူး။   ဒီပွဲစဉ်မှာ ယူကရိန်းကစားသမားတဦးရဲ့ ကိုယ့်ဂိုး ကိုယ်သွင်းယူမှုအပါအဝင် ဂီရော့ဒ်၊ အမ်ဘတ်ပီ၊ ဂရစ်ဇ်မန်းနဲ့ တူလစ်ဆိုတို့က ပြင်သစ်အသင်းအတွက်အနိုင်ဂိုးတွေကို သွင်းယူ ပေးခဲ့ပါတယ်။ တိုက်စစ်မှူးဂီရော့ဒ်ဟာ နိုင်ငံအသင်းအတွက် ပွဲ ၁၀၀ ပြည့်တဲ့ပွဲမှာ တိုက်စစ်မှူးဟောင်း ပလာတီနီရဲ့ ဂိုးသွင်းစံချိန်ကို ဖြတ်ကျော်ကာ ပြင်သစ်အသင်းအတွက် ဒုတိယမြောက် ဂိုးသွင်း အများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။   
7 months Ago
Up