ယူကရိန်းမြို့တော်

August 24, 2022

အမေရိကန်နိုင်ငံသားများ ယူကရိန်းမြို့တော်မှ ထွက်ခွာကြရန် သံရုံး သတိပေး

ယူကရိန်းစစ်ပွဲ အချိန်ခြောက်လကြာလာချိန် ရုရှားက လာမယ့်ရက်နည်းငယ်အတွင်း  မြို့တော်ကိယက်ဗ်ကို တိုက်ခိုက်မှုတွေ ထပ်လုပ်လာနိုင်တဲ့အတွက် ယူကရိန်းနိုင်ငံကနေ ထွက်ခွာဖို့ အမေရိကန်အစိုးရက  သူ့နိုင်ငံသားတွေကို  သြဂုတ်၂၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ယူကရိန်းအစိုးရဟာ ဩဂုတ် ၂၄ ရက်နေ့မှာ ဆိုဗီယက်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို တားမြစ် ပိတ်ပင်ခဲ့ပြီးတဲ့နောက် အမေရိကန်အစိုးရက ခုလို သတိပေးထုတ်ပြန်လိုက်တာပါ။

ရုရှားရဲ့ တိုက်ခိုက်နိုင်ခြေ မြင့်တက်လာမှာကို စိုးရိမ်လို့ မြို့တော် ကိယက်ဗ်မှာရှိတဲ့ အမေရိကန်သံရုံးကနေ တတ်နိုင်ရင် ထွက်ခွာကြဖို့ကိုလည်း အမေရိကန်နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။

“ယူကရိန်းရဲ့ အရပ်သားအခြေခံအဆောက်အအုံနဲ့ အစိုးရအဆောက်အအုံတွေကို လာမယ့်ရက်ပိုင်းအတွင်းတိုက်ခိုက်ဖို့ ရုရှားက အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သတင်းရထားတယ်” လို့  သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံသားတွေအနေနဲ့  အန္တရာယ်ကင်းရှင်းတယ်ဆိုရင် ကိုယ်ပိုင်နည်းလမ်းနဲ့ ယူကရိန်းကနေ အခုထွက်ခွာသင့်တယ်လို့လည်းဆိုပါတယ်။

ရုရှားမြို့တော် မော်စကိုမြို့နားမှာ စနေနေ့က ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း ထင်ရှားတဲ့ ရုရှားအမျိုးသားရေးဝါဒီတစ်ဦးရဲ့ သမီး ဒါရီယာဒူဂျီနာ သတ်ဖြတ်ခံရအပြီးမှာ ခုလိုတိုက်တွန်းတာပါ။

ရုရှားအစိုးရက ယူကရိန်းသူလျှိုတွေ သတ်တာလို့ အပြစ်တင်ခဲ့ပြီး စွပ်စွဲချက်တွေကို ယူကရိန်းအစိုးရက ငြင်းဆိုထားပါတယ်။

6 months Ago

February 24, 2022

ယူကရိန်းမြို့တော် ကီယက်ဗ်တွင် ကားတန်းရှည်ကြီးများဖြင့် ပြည်သူများ စစ်ဘေးရှောင်

ယူကရိန်းနိုင်ငံမြို့တော် ကီယက်ဗ်မှာ ပစ်ခိုက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် မြို့သူမြို့သားတွေ စစ်ဘေးလွတ်ရာကို ပြောင်းရွှေ့ထွက်ခွာဖို့ ကားတန်း ရှည်ကြီးတွေနဲ့ထွက်ခွာနေတဲ့ ဓာတ်ပုံတွေ နိုင်ငံတကာမီဒီယာတွေမှာ ထွက်ပေါ်လာပါတယ်။

ဒီကနေ့ မနက်အစောပိုင်းမှာပဲ ရုရှားနိုင်ငံရဲ့ တိုက်ခိုက်မှုကြောင့် ကီယက်ဗ်မြို့မှာ ပေါက်ကွဲသံတွေ ကြားနေကြရပြီးနောက်မှာ ယူကရိန်းပြည်သူတွေ ဘေးလွတ်ရာ နိုင်ငံအနောက်ဘက်ကို ရွှေ့ပြောင်းကြဖို့ ကြိုးစားနေကြတာဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်နေတာပါ။

ဒီကနေ့ မနက်အစောပိုင်းမှာတော့ မြို့တော်ရဲ့ အရှေ့ဘက် ဘိုရီစပေးလ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဘက်ကနေ ပေါက်ကွဲသံတွေ ကြားခဲ့ရတာဖြစ်ပြီး ယူကရိန်းနိုင်ငံရဲ့ တခြား‌ သောမြို့တွေဖြစ်တဲ့ ဒုတိယအကြီးဆုံး ခါကိဗ်မြို့နဲ့ အိုဒက်ဆာဆိပ်ကမ်းမြို့တွေမှာလည်း ပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

REF-CNN

12 months Ago
Up