ယူကရိန်းနိုင်ငံခြားရေးဌာန

A d v e r t i s e m e n t With Us

January 9, 2020

ယူကရိန်းလေယာဉ်ပျက်ကျ သေဆုံးမှုတွင် အီရန်နိုင်ငံသားခရီးသည်တဝက်ပါဝင်

လူပေါင်း ၁၇၆ ယောက် သေဆုံးခဲ့တဲ့ ယူကရိန်းခရီးသည်တင်လေယာဉ်ပျက်ကျမှုမှာ    သေဆုံးသူ ထက်ဝက်ခန့်ဟာ အီရန်နိုင်ငံသားတွေဖြစ်တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဌာနက  ပြောခဲ့ပါတယ်။    သေဆုံးသူတွေထဲမှာ အီရန်  ၈၂ ယောက်၊ ကနေဒါ ၆၃ ယောက်၊ ယူကရိန်း  ၁၁ ယောက်၊ ဆွီဒင် ၁၀ ယောက်နဲ့ ဂျာမန်နဲ့ဗြိတိန်နိုင်ငံသား ၃ ယောက်စီ ဖြစ်တယ်လို့ ယူကရိန်းနိုင်ငံ ခြားရေးဝန်ကြီးက  ဇန်နဝါရီလ ၈ ရက်မှာ ပြောခဲ့ပါတယ်။   နောက်ပြီး  ဒါဟာ ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်း (UIA) အတွက် ပထမဆုံး လူ အသေအပျောက်ဖြစ်တဲ့  ပျက်ကျမှုလည်း ဖြစ်ပါတယ်။     အီရန် ဖားစ်သတင်းအေဂျင်စီက လေယာဉ်စက်ချွတ်ယွင်းတဲ့ ပြဿနာတွေကို ကိုးကား ဖော်ပြခဲ့ပေမယ့်  အမှန်တကယ်ပျက်ကျရတဲ့ အကြောင်းရင်းကို သဲသဲကွဲကွဲ မသိရသေးပါဘူး။   အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခပိုကြီးစေမယ့် အီရန်နဲ့အမေရိကန်အကြား ထိပ်တိုက်တွေ့နေချိန်မှာ လေယာဉ်ပျက်ကျခဲ့တာလည်း  ဖြစ်ပါတယ်။    နိုင်ငံတကာစည်းမျဉ်းတွေအရ ပျက်ကျရတဲ့အကြောင်းရင်းကို အီရန်အစိုးရက စုံစမ်းရမယ့် တာဝန်ရှိပြီး အီရန်နိုင်ငံပိုင်သတင်းဌာနကတော့ ပျက်ကျလေယာဉ်ရဲ့ black box နဲ့ ဒေတာရီ ကော်ဒါ နှစ်ခုစလုံးကို တွေ့ရှိတယ်လို့  ထုတ်ပြန်ခဲ့ပါတယ်။  တွေ့ရှိထားတဲ့ black box ကို ဘိုရင်းကုမ္ပဏီကိုဖြစ်စေ၊ အမေရိကန်အစိုးရကိုဖြစ်စေ လွှဲပေးမှာ မဟုတ်ဘူးလို့ အီရန်အစိုးရက ‌ပြောထားပါတယ်။ 
1 year Ago
Up