ယူကရိန်း နိုင်ငံတွင်းက ရုရှားစစ်တပ်တွေ ပြန်ရုပ်သိမ်းဖို့ သမ္မတ ပူတင် ပြော

June 24, 2015

ရုရှားတွင် တင့်ကားစွမ်းရည်ပြိုင်ပွဲ ကျင်းပ (ရုပ်သံ)

ရုရှားစစ်သည်တွေကြား အကောင်းဆုံး တင့်ကားတပ်ဖွဲ့ကို ရွေးဖို့ ရည်ရွယ်ပြီး နိုင်ငံတောင်ပိုင်းက ဗော်လ်ဂိုဂရဒ် ဒေသမှာ တင့်ကားစွမ်းရည် ၂ မျိုး ပြိုင်ပွဲကို ဇွန် ၂၂ ရက်က စတင်ကျင်းပပါတယ်။ တင့်ကားတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်တွေကို သင်တန်းပေးဖို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက စစ်စည်းကမ်းတွေကို တီထွင် ဖန်တီးရင်း တင့်ကား စီးချင်းထိုးပြိုင်ပွဲကို ကျင်းပတာပါ။ ဒီလေ့ကျင့်မှုမှာ တင့်ကားနဲ့ ခြေလျင်တပ်ရင်းတွေက သူတို့ရဲ့ စစ်ကားတွေ ပါဝင် လေ့ကျင့်ခဲ့ကြပါတယ်။ ဒီပြိုင်ပွဲက အကောင်းဆုံး တပ်ဖွဲ့ဝင်တွေကို သြဂုတ်လမှာ ကျင်းပမယ့် နိုင်ငံတကာ ပွဲစဉ်တွေမှာ ရုရှားနိုင်ငံကို ကိုယ်စားပြုဖို့ ရွေးချယ်သွားမယ်လို့ ပြိုင်ပွဲရဲ့ အဓိက အကဲဖြတ်ဒိုင် အလက်စန်ဒါ ပါယာဇဲ့ဗ်က ပြောပါတယ်။ စွမ်းရည် ၂ မျိုးပြ ပြိုင်ပွဲအတွင်း တင့်ကားတပ်ဖွဲ့ဝင်တွေက ရွှံ့ထူတဲ့ လမ်းကြောင်းတွေထဲမှာ ကျွမ်းကျင်ပိုင်နိုင်မှုရှိရှိ မောင်းခဲ့သလို တာဝေးပစ်မှတ်တွေကို ပစ်ခတ်ရင်း သူတို့ရဲ့စွမ်းရည်ကို ပြသခဲ့ကြပါတယ်။ မော်စကိုမြို့နားမှာ သြဂုတ်လမှာ ကျင်းပမယ့် နိုင်ငံတကာ တင့်ကားစွမ်းရည် ၂ မျိုးပြ ချန်ပီယံပွဲမှာ နိုင်ငံပေါင်း ၂၄ နိုင်ငံက တင့်ကားတပ်ဖွဲ့တွေ ပါဝင်ယှဉ်ပြိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
6 years Ago
Up