ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်ရဲ့ မြို့လယ်မှာ မတ် ၃ ရက် အစောပိုင်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ လူအတော်များများ ဒဏ်ရာရပါတယ်။
လူအယောက် ၁၀၀ ကျော်လည်း အဖမ်းခံရပါတယ်။ လွှတ်တော်နားက တက်ကြွလှုပ်ရှားသူတွေရဲ့ သပိတ်စခန်းကို ဥပဒေ အာဏာတည်စေရေးအဖွဲ့တွေက စပြီး ဖယ်ရှားချိန်မှာ ခုလိုဖြစ်တာပါ။
စီးချင်းချိန်မှာ ဓာတ်ဆီပုလင်းဗုံးတွေ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ မီးခိုးဗုံးတွေကို စခန်းထဲမှာ တွေ့ရတယ်လို့ ကိယက်ဗ် မြို့တော် ရဲတပ်ဖွဲ့က ပြောပါတယ်။
ဂျော်ဂျီယာ သမ္မတဟောင်း ယူကရိန်း အတိုက်အခံ ခေါင်းဆောင် မီခေးလ် ဆာကက်ရှ်ဗီလီ ကို ထောက်ခံသူတွေက ယာယီတဲ သပိတ်စခန်းကို မနှစ်က ဆောင်းဦးကာလမှာ စပြီး ဖွင့်လှစ်ခဲ့တာပါ။
ဆာကက်ရှ်ဗီလီ ကို ယူကရိန်းအစိုးရက အရင်လက နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ပြီး ပိုလန်နိုင်ငံကို ပြန်ပို့ခဲ့တာပါ။
အဲဒီနောက် သူ့ကို ထောက်ခံသူ လူများစုလည်း သပိတ်စခန်း ကနေ ပြန်သွားပေမယ့် လူဒါဇင် နည်းနည်းက ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီနောက် လက်ရှိသမ္မတ ပေထရို ပိုရိုရှန်ကိုရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် နှောင့်နှေးမှုအတွက် နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲတွေကို ပုံမှန် ဆက်လှုပ်ရှားခဲ့ပါတယ်။
5 years Ago