ယုံကြည်မှုပျောက်ဆုံ

October 22, 2020

တသင်းလုံး ယုံကြည်မှုပျောက်ဆုံးခဲ့ဟု ရီးရဲလ်နည်းပြ သုံးသပ် 

ရှက်တာဒိုးနက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ တသင်းလုံး ယုံကြည်မှု ပျောက်ဆုံးနေခဲ့ကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောပါတယ်။  ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ယူကရိန်းကလပ်ရှက်တာဒိုးနက်ကို ၃ ဂိုး ၂ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တာပါ။  ပထမပိုင်းကတည်းက ရှက်တာဒိုးနက်အသင်းက ၃ ဂိုး သွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ ရီးရဲလ် အသင်းက ချေပဂိုး ၂ ဂိုးသွင်းယူခဲ့တာပါ။  အရာအားလုံးနီးပါးမှာ အားနည်းမှုတွေရှိခဲ့ပေမဲ့ ယုံကြည်မှုပျောက်ဆုံးခဲ့တာက အဓိက ဖြစ်ကြောင်း၊  အသင်းရဲ့အခြေအနေကို သိရှိတဲ့အတွက် အမြန်ဆုံးအဖြေရှာပြီး ဆက်လက်ပြင်ဆင် မှာ ဖြစ်ကြောင်း နည်းပြဇီဒန်းက ပြောပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီပွဲမတိုင်ခင် ကာဒစ်ဇ်နဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 
1 year Ago
Up