ယုဇနပလာဇာ

March 6, 2021

ယုဇနပလာဇာအနီးဆန္ဒပြသူများကို ရဲနှင့်စစ်တပ်က မျက်ရည်ယိုဗုံး၊ သေနတ်များဖြင့် ပစ်ခတ် ဖြိုခွင်း

ဒီနေ့ ရန်ကုန် ယုဇနပလာဇာနားမှာ ဆန္ဒပြနေသူတွေကို ရဲနဲ့စစ်တပ်က မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ် ဖြိုခွင်းခဲ့ကြပါတယ်။

အခု နေ့လယ် ၂ နာရီလောက်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး လမ်းတွေထဲမှာလည်း လူတွေကို လိုက်ဖမ်းနေပါတယ်။

“အသံဗုံးတွေပစ်တယ်။ မျက်ရည်ယိုဗုံးတွေလည်း ပစ်တယ်။ သေနတ်တော့ ရာဘာကျည်လား ကျည်အစစ်လားမသိဘူး။ အချက်တွေအများကြီးပစ်နေတာ။ ၂ ယောက်ဖမ်းခံရတာတော့ တွေ့တယ်။ တယောက် ရာဘာကျည်ထိတာတွေ့တယ်” လို့ အဲဒီနားမှာ ရှိနေသူတယောက်က ပြောပါတယ်။

ညနေ ၃ နာရီလောက်အချိန်မှာတော့ ၁၁၉ လမ်းထဲကို သေနတ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

သိမ်ဖြူလမ်း စာတိုက်မှတ်တိုင်နားက ထိုင်သပိတ်ကိုလည်း ဒီအစောပိုင်းက ပစ်ခတ်ခဲ့ပြီး အခုတော့ စစ်ကား ၃ စီး ထပ်ရောက်နေပြီး နောက်တကြိမ်ထပ် ဖြိုခွင်းနေတယ်လို့ အဲဒီနေရာမှာ ရှိနေသူတွေက ပြောပါတယ်။

3 months Ago

March 5, 2021

ယုဇနပလာဇာအနီး မသင်္ကာဖွယ် ၂ ဦးကို သင်္ကန်း၊ လေးဂွ၊ စကားပြောစက်တို့နှင့်အတူ ဖမ်းမိ

ရန်ကုန် တာမွေမြို့နယ် ယုဇနပလာဇာအနီး ဆိုင်ကယ် နှစ်စီးနဲ့ လူသုံးယောက်ကို မသင်္ကာလို့ နီးရာရပ်ကွက်နေ ပြည်သူတွေက  ခေါ်ယူစစ်ဆေးစဉ် နှစ် ဦးကို ဖမ်းမိပြီး ဆိုင်ကယ် တစ်စီးနဲ့ လူတစ်ဦးမှာ ထွက်ပြေးသွားပါတယ်။

ဖမ်းမိသူ နှစ်ဦးအား စစ်ဆေးရာ မင်္ဂတောင်ညွန့်မြို့နယ် ယာဉ်ထိန်းရဲတပ်ကြပ်နဲ့ ထွန်းအောင်ကျော်လို့ သိရပီး သူတို့နဲ့အတူ ဘုန်းကြီးသင်္ကန်းနဲ့ လေးဂွ လောက်စာလုံးတချို့ ဆက်သွယ်ရေးစကားပြောစက် ၂ လုံးတို့ကို ဆိုင်ကယ် Tools box အတွင်းမှ တွေ့ရှိရပါတယ်။

သင်္ကန်းမှာ ဆရာတော်က လျှော်ခိုင်းဖို့  ထည့်ပေးလိုက်တာဖြစ်ပြီး လေးဂွနဲ့ လောက်စာလုံးကတော့  မီးပွိုင့်ဘောင်ပေါ်မှာ တွေ့လို့ ယူဆောင်လာတာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

သူတို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနသို့ ရပ်ကွက်နေပြည်သူတွေက ဆက်သွယ်မေးမြန်းထားတယ်လို့ သိရပါတယ်။

Photo - MPA

3 months Ago
More News
Up