ယီမင်နိုင်ငံ

May 12, 2015

ယီမင်နိုင်ငံတွင် မြေပြင်တိုက်ပွဲနှင့် လေကြောင်းထိုးစစ် တိုက်ပွဲများ ပြင်းထန် (ရုပ်သံ)

ယီမင်နိုင်ငံမှာ ဆော်ဒီခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက မြို့တော် ဆာနာမှာ ဆက်ပြီး ဗုံးကြဲနေပါတယ်။ မြို့ရဲ့အရှေ့ပိုင်းမှာ ဟူသီ သူပုန်တွေ ထိန်းချုပ်ထားတဲ့ လက်နက်တိုက်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုမှာ အသေအပျောက် ဘယ်လောက်တောင် ရှိသလဲဆိုတာကို အတည်မပြုနိုင်ပါဘူး။ မေ ၁၀ ရက်နေ့တုန်းကတော့ လူသားချင်း စာနာမှုအကူအညီတွေ ပို့ပေးနိုင်ဖို့အတွက် ၅ ရက်ကြာ အပစ်ရပ်ကြဖို့ ဆော်ဒီဘက်က အဆိုပြုတာကို ဟူသီ လက်နက်ကိုင်တပ်တွေ ဘက်ကလည်း ကြိုဆိုခဲ့ပါတယ်။ မြေပြင်တိုက်ပွဲနဲ့ လေကြောင်းထိုးစစ် ဒဏ်တွေကိုခံနေရတဲ့ ဆာနာမြို့ရဲ့ လောလောဆယ် အခြေအနေဟာ ဒုက္ခတွင်းထဲက စစ်တလင်းလို ဖြစ်နေပါပြီ။
7 years Ago
Up