ယီမင်သမ္မတဟောင်းကို

December 3, 2017

ယီမင်သမ္မတဟောင်းကို ထောက်ခံသည့်တပ်များနှင့် ဟူသီသူပုန်တို့ တိုက်ပွဲဖြစ်

ယီမင်နိုင်ငံမြို့တော် စာနာမှာ သမ္မတဟောင်း အလီအဗ္ဗဒူလာ ဆာလေးကို သစ္စာခံတဲ့ ပြိုင်ဘက်တပ်တွေနဲ့ သူပုန်ဟူသီ တိုက်ခိုက်ရေးသမားတွေကြား ဒီဇင်ဘာ ၂ ရက်နေ့က တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ငြိမ်းချမ်းတဲ့ နိုင်ငံရေး ရင်ကြားစေ့မှုကိုရအောင် သူပုန်ပြိုင်ဘက်တွေကြား မဆောင်ကြဉ်းနိုင်ခဲ့လို့ လက်နက်ကိုင် အကြမ်းဖက်မှုတွေ လေးရက်မြောက် ဆက်ဖြစ်ခဲ့ပါတယ်။ တမန်တော် မိုဟာမက်ရဲ့ မွေးနေ့အဖြစ် ဘာသာရေး အခမ်းအနား ကျင်းပနေတဲ့ ဆာဘင်းရင်ပြင်ထဲက ဆာလေး ဗလီထဲကို ဟူသီတွေ ဝင်ခွင့်ပြုဖို့ ဆာလေးကို ထောက်ခံသူတွေက ငြင်းခဲ့တာပါ။ အဲဒီနောက် ဗုဒ္ဓဟူးနေ့က စပြီး အငြင်းပွားခဲ့ကြပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့မှာ တိုက်ပွဲ ပြင်းထန်လာပြီး စာနာမြို့ အဓိက လမ်းတွေနဲ့ ပတ်ဝန်းကျင် ဆင်ခြေဖုံး ဒေသတွေမှာ အသွားအလာ ရပ်တန့်ခဲ့ပါတယ်။ ဒီနေရာကို ၂၀၁၄ ကတည်းက ဟူသီတွေနဲ့ ဆာလေးကို သစ္စာခံသူတွေက ပူးတွဲထိန်းချုပ် ထားခဲ့တာပါ။ ဒီဖင်ဘာ ၁ ရက်နေ့ ညတည်းက စီးပွားရေး လှုပ်ရှားမှုနဲ့ ယာဉ်အသွားအလာ အားလုံး ရပ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း လူအယောက် ၄၀ ကနေ ၆၀ ထိ သေဆုံးနိုင်တယ်လို့ ၂ ဘက်တပ်တွေရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
4 years Ago
Up