ယီမင်ထိပ်တန်းခေါင်းဆောင်

April 29, 2018

ဆော်ဒီလေကြောင်းပစ်ခတ်မှု ယီမင်ထိပ်တန်းခေါင်းဆောင် ဈပနကျင်းပသည့်နေရာနား ထိမှန်

  ဆော်ဒီနိုင်ငံဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့က ဧပြီလ ၂၈ ရက်နေ့မှာ ပစ်ခတ်ခဲ့တဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ယီမင်နိုင်ငံ မြောက်ပိုင်းက ဟူသီသူပုန်အဖွဲ့ရဲ့ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင် ဆာလေးအယ်ဆာမတ်ရဲ့ ဈာပနပွဲ ကျင်းပတဲ့နေရာနားကို ထိမှန်ခဲ့ပါတယ်။ ဈာပနပွဲတက်လာတဲ့ လူတွေတော့ အသေအပျောက်ရှိတဲ့ သတင်းမကြားရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ မျက်မြင်သက်သေတဦးက ရိုက်ထားတဲ့ ဗွီဒီယိုမှာတော့  ဈာပနပွဲ လူအုပ်အစွန်းပိုင်းကို ဒုံးကျည်တစင်းကျလာပြီး ပေါက်ကွဲသွားတာကို တွေ့ရပါတယ်။ ဆောဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ဟူသီသူပုန်တွေကို နှိမ်နင်းပြီး နိုင်ငံတကာအသိအမှတ်ပြုတဲ့ ယီမင်အစိုးရကိုတင်ဖို့ ယီမင်ပြည်တွင်းပဋိပက္ခမှာ စစ်ရေးအရ ပါဝင်နေတာပါ။ ဟူသီနိုင်ငံရေး လက်ရုံးခေါင်းဆောင် ဆာလေးအယ်ဆာမတ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဆော်ဒီ ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာပါ။ ဧပြီ ၂၈ ရက်နေ့က ဆာမတ်ရဲ့ နာရေး အခမ်းအနားကို လူထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။ ဆာမတ်သေဆုံးသွားလို့ အဖွဲ့အစည်းရဲ့ စည်းရုံးညီညွှတ်မှုကို ပြိုကွဲသွားစေမှာ မဟုတ်ဘူးလို့ ဟူသီခေါင်းဆောင် နောက်တဦးဖြစ်တဲ့ အက်ဒူမာလီအယ်ဟူတီက ကတိပြု ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။
3 years Ago
Up