ယီမင်တွင် ကားဗုံးပေါက်ကွဲ၊ အနည်းဆုံး လူ ၂ ဦး သေဆုံး

November 30, 2017

ယီမင်တွင် ကားဗုံးပေါက်ကွဲ၊ အနည်းဆုံး လူ ၂ ဦး သေဆုံး

ယီမင်နိုင်ငံ အေဒင်မြို့တောင်ပိုင်းမှာ နိုဝင်ဘာ ၂၉ ရက်နေ့က ကားဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၃ ဦးကလည်း အခြေအနေ စိုးရိမ်ရတယ်လို့ ဆေးရုံ တာဝန်ရှိသူတဦးက ပြောပါတယ်။ ယီမင် ဘဏ္ဍာရေးဝန်ကြီးဌာနရုံးတွေ အပြင်ဘက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် ခြောက်ထပ်အဆောက်အဦ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။ အဲဒီ ကားဗုံးဖောက်ခွဲမှုကို အိုင်အက်စ်အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ အာမက် သတင်းအေဂျင်စီကနေ ထုတ်ပြန်ခဲ့ပါတယ်။ ပေါက်ကွဲမှုအရှိန်ကြောင့် ခေါမတ်စ်ကာဒေသဟာ လှုပ်ခါသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up