ကမ္ဘာ့အသက်အကြီးဆုံးကစားသမားဖြစ်တဲ့ ဂျပန်တိုက်စစ်မှူး ကာဇူရိုရှီမူရာဟာ နောက်ထပ် တစ်နှစ် ထပ်ကစားဦးမှာ ဖြစ်ပါတယ်။
လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်မှာ အသက် ၅၄ နှစ်ပြည့်မယ့် မူရာဟာ ယိုကိုဟားမားအသင်းနဲ့ တစ်နှစ်သက်တမ်းတိုးခဲ့ပြီး ၃၆ နှစ်မြောက် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဆက်ပြီး ဖြတ်သန်းမှာ ဖြစ်ပါတယ်။
ဘရာဇီးကလပ် ဆန်းတို့စ်နဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ မူရာဟာ စီးရီးအေကလပ် ဂျီနိုအာ၊ ခရိုအေးရှားနဲ့ သြစတြေးလျကလပ်တွေမှာလည်း ကစားခဲ့ဖူးပါတယ်။
၂၀၀၅ ခုနှစ်ကစပြီး ယိုကိုဟားမားအသင်းမှာ စတင်ကစားခဲ့ပြီး ဂျပန်ပြည်တွင်းမှာရော ကမ္ဘာမှာပါ အသက်အကြီးဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာ ဖြစ်ပါတယ်။
မူရာဟာ ၂၀၁၉ ခုနှစ်က ယိုကိုဟားမားကို တန်းတက်ခွင့်ရအောင် စွမ်းဆောင်ခဲ့ပြီး မနှစ်က ရာသီမှာတော့ ၄ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။
2 months Ago