ယာဥ်ထိန်းရုံး ဗုံးပေါက်ကွဲ

September 17, 2021

အင်းလျားလမ်းနှင့် ပြည်လမ်းထောင့်ရှိ ယာဥ်ထိန်းရုံး ဗုံးပေါက်ကွဲ

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ အင်းလျား နဲ့ ပြည့်လမ်းထောင့်ရှိ ယာဥ်ထိန်းရုံးမှာ ဒီနေ့ မနက် ၆ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။ 

ဗုံးပေါက်ကွဲမူကြောင့် ယာဥ်ထိန်းရုံး အနည်းငယ်ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ကိုယ်တိုင်တွေ့မြင်သူတစ်ဦးက ပြောပါတယ်။

ဗုံးကွဲတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ရဲတွေ စစ်သားတွေရှိပေမယ့် သူတို့ကို မထိလိုက်ဘဲ ဗုံးပေါက်ပြီးတော့ စစ်ကောင်စီလုံခြုံရေးတွေအများကြီးထပ်ရောက်လာတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာကနေ ကားတစ်မှတ်တိုင်အကျော်မှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လိူင်ရဲ့သားဖြစ်သူ ဖွင့်လှစ်ထားတဲ့ ကန်သာယာဆေးရုံးရှိပြီး အဲဒီဘက်မှာ လုံခြုံရေးယူနေထားတဲ့ စစ်သားအများပြားရှိနေတယ်လို့ သိရပါတယ်။

1 month Ago
Up