လူသူရှုပ်ထွေးတဲ့ လမ်းမကြီးတခုပေါ်မှာ နာရီပေါင်းများစွာကြာအောင် ယာဉ်ကြောပိတ်ဆို့မှုနဲ့ ရင်ဆိုင်ရရင် ခင်ဗျားတို့အနေနဲ့ ဘာလုပ်မှာပါလိမ့်။
တရုတ်နိုင်ငံမြောက်ပိုင်းမှ အမျိုးသမီးအုပ်စုတစုကတော့ ဒီအချိန်ကို ကခုန်ရင်း ဖြတ်သန်းနိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်ပေါ်မှာ ဝင်ရောက်ကြည့်ရှုမှု အကြိမ်ရေ ၇ ဒသမ ၁ သန်းရှိခဲ့ပြီး ရေပန်းစားနေခဲ့တာပါ။
မီးခိုးမြူထူတွေပိတ်ဆိုင်းပြီး ယာဉ်ကြောပိတ်ဆို့နေချိန်မှာ ခုလို ဖြတ်သန်းခဲ့တဲ့အတွက် သူတို့ကို အစိုးရသတင်းမီဒီယာတွေက ချီးကျူးခဲ့ကြပေမယ့် အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ဝေဖန်မှုတွေ ရှိနေခဲ့တာပါ။
တချို့ကတော့ ဒါဟာ စိတ်ပျက်စရာကောင်းတဲ့ တရုတ်နိုင်ငံသားတွေရဲ့ စရိုက်လက္ခဏာအဖြစ် ဝေဖန်ခဲ့ကြပြီး အင်တာနက်အသုံးပြုသူတဦးက “ဒီအမျိုးသမီးတွေဟာ ဘယ်ကလာတာလဲ။ ဒရာမာရိုက်နေကြတာလား” လို့ မှတ်ချက်ရေးခဲ့တာကို တွေ့ရပါတယ်။
6 years Ago