ယာဉ်မောင်းလူငယ် ၁ ဦး သေဆုံး

May 7, 2018

မူးယစ်​​ဆေးဝါး ဖမ်းဆီးစဉ်​​ သေနတ်​လု ကျည်​မှန်​ပြီး ယာဉ်မောင်းလူငယ် ၁ ဦး သေဆုံး

ရှမ်းပြည်နယ်ေ​တာင်ပိုင်း​​၊ ဟိုပုံး-ဆီဆိုင်​ကားလမ်းမ​ပေါ် လွယ်​တင်းရွာနဲ့​ ကောင်​ငင်​ရွာကြား ​မေလ ၃ ရက်​​က မူးယစ်​​ဆေးဝါး ဖမ်းဆီးရာမှ ကား​မောင်းသူ​ လူငယ်တဦး သေနတ်​မှန်​ သေဆုံးသွားတယ်လို့ ရှမ်းပြည်​နယ်​ ရဲတပ်​ဖွဲ့ ​ပြောပြချက်​အရ သိရပါတယ်။ ပဲခူးမှာ ဖမ်းမိတဲ့ မူးယစ်​​ဆေးဝါးအမှုကွင်းဆက်​ကတဆင့် စရဖ၊ ပြည်​သူ့စစ်​နဲ့ မူးယစ်​တပ်​ဖွဲ့တို့က ​မေလ ၃ ရက်​​မှာ ပူး​ပေါင်းဖမ်းဆီးရာ ယာဉ်​​မောင်းက ​သေနတ်​လုတဲ့အတွက်​ ကျည်​မှန်​ပြီး​ သေဆုံးခဲ့တာလို့ ရှမ်းပြည်​နယ်​ရဲတပ်​ဖွဲ့ ဒုရဲမှူး စိုးထွန်းဝင်းက ပြောပါတယ်။ “ပဲခူးမှာ ဖမ်းမိတဲ့ တရားခံ လှိုင်​မင်းထွန်း ထွက်​ဆိုချက်​အရ ဟိုပုံး​နေ ခွန်​ထွန်းတင်​ကတဆင့် ရတာ​ပေါ့​နော်​။ ​မေ ၃ ရက်​​နေ့ ခွန်​ထွန်းတင်​ကို ဖမ်းမိ​တော့ ခွန်​ထွန်းတင်​ ထွက်​ဆိုချက်​အရ နမ့်စန်​က စိုင်းလူဆီက ရတယ်​​ပေါ့။ အဲဒါနဲ့ စိုင်းလူကို ဖုန်းနဲ့ မူးယစ်​​ဆေး မှာခိုင်းပြီး လမ်း​ပေါ်မှာ စု​ပေါင်း​စောင့်ဖမ်းတာ။ စိုင်းလူက ကား​ပေါ်ဆင်းပြီး ထွက်​​ပြေးတယ်​။ ယာဉ်​​မောင်း စိုင်း​အောင်​ပန့်​က ​သေနတ်​လုလို့ ကျည်​ထွက်​ပြီး မှန်​သွားတာ​၊ သေဆုံးသွားတယ်​။ စိုင်းလူကိုလည်း ပြန်​ဖမ်းမိပါတယ်။” အဖမ်းခံရတဲ့ စိုင်းလူနဲ့ ​သေဆုံးသူ စိုင်း​အောင်​ပန့်​က နမ့်​စန်​မြို့၊ မိုင်းစိတ်​​ကျေးရွာအုပ်​စု၊ ဝိုင်​ဟီရွာမှာ​ နေထိုင်​တာဖြစ်​​တယ်လို့ သိရပါတယ်​။ ​သေဆုံးသွားတဲ့ စိုင်း​အောင်​ပန့်​ မိဘ​တဦးကတော့ “ရဲ​တွေ ဘာ​ကြောင့် ဖမ်းတာလဲ မသိဘူး။ တ​ယောက်​​ပြော​တော့​ သေနတ်​လုတယ်​။ ​နောက်​တ​ယောက်​​ပြော​တော့ ကားရပ်​ခိုင်းတာ မရပ်​လို့ ပစ်​တာ​ ပြောတယ်​။ မိဘ​​တွေအ​နေနဲ့ မ​ကျေနပ်​ဘူး။ အမှန်​တရားရဖို့ အမှုပြန်​ဖွင့်မယ်​” လို့​ ပြောပါတယ်​။ “​သေသွားသူက က​လေးပဲ ရှိေ​သေးတယ်​။ ​သေနတ်​လုတယ်​ဆိုတာ မဖြစ်​နိုင်​ဘူး။ သူတို့ မှားပြီး သတ်​တာလို့ပဲ မြင်​တယ်​။ က​လေးက ၁၈ နှစ်​ပဲ ရှိသေးတာ။ ယုံလည်း မယုံဘူး။ မ​ကျေနပ်​ဘူး”လို့ သေဆုံးသူရဲ့ အစ်မဝမ်းကွဲ နန်း​လောင်​က​ ပြောပါတယ်​။ မိသားစုအ​နေနဲ့ ​သေဆုံးသူက အသက်​ ၁၈ နှစ်​မပြည့်သေးဘူးလို့​ ပြောပေမယ့် ရဲတပ်​ဖွဲ့​ကတော့ အသက်​ ၂၂ နှစ်​ရှိပြီဖြစ်​​ကြောင်း ​ပြောပါတယ်​။ သေဆုံးသွားသူ စိုင်း​အောင်​ပန့်​ရဲ့အမှုကို သေမှု​သေခင်းနဲ့ ဟိုပုံးရဲစခန်းမှာ စစ်​​ဆေး​နေ​ပါတယ်​။ အဖမ်းခံရသူ စိုင်းလူနဲ့ အမှုကွင်းဆက်​အဖြစ် ဖမ်းမိသူ ခွန်​ထွန်းတင်​ကိုတော့ ပဲခူးမူးယစ်​တပ်​ဖွဲ့ကို လွှဲ​ပြောင်း​ပေးသွားမယ်​လို့ ရှမ်းပြည်​နယ်​ရဲတပ်​ဖွဲ့က​ ပြောပါတယ်​။ သတင်း - ခွန်​ရာဇာ
3 years Ago
Up