ယာဉ်အစီး ၄၀ အခမဲ့ပြေးဆွဲ

July 19, 2018

အာဇာနည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ယာဉ်အစီး ၄၀ အခမဲ့ပြေးဆွဲ

အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့လယ် ဆူးလေကနေ မြောက်ဥက္ကလာပကို ယာဉ်အစီး ၄၀ နဲ့ အခမဲ့ ပြေးဆွဲပေးနေပါတယ်။ ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၁ နှစ်ပြည့် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အရင် အောင်မဟာယာဉ်လိုင်း မိသားစုတွေက စုပေါင်းပြီး အခမဲ့ ပြေးဆွဲပေးနေကာ ခရီးစဉ်လမ်းကြောင်းကတော့ ပန်းဆိုးတန်း-ဆူးလေကနေ မြောက်ဥက္ကလာပထိ မနက် ၇ နာရီကနေ ညနေ ၄ နာရီထိ ဖြစ်ပါတယ်။ ဆူးလေဘက်ကနေ ယာဉ်အစီး ၂၀၊ မြောက်ဥက္ကလာပဘက်ကနေ ယာဉ်အစီး ၂၀ နဲ့ စုစုပေါင်း အစီး ၄၀၊ ပြေးဆွဲနေတဲ့ ယာဉ်တွေကတော့ ခရီးသည် ၁၀ ယောက်စီး ယာဉ်အသေးတွေ ဖြစ်ပါတယ်။ ဖျက်သိမ်းခံထားရတဲ့ အရင် အောင်မဟာယာဉ်လိုင်း မိသားစုတွေအနေနဲ့ အခုလို အခမဲ့ ပြေးဆွဲပေးတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း အခမဲ့ ပြေးဆွဲပေးခဲ့ပါတယ်။
3 years Ago
Up