ယာဉ်ရပ်နားကွင်းလမ်း

June 1, 2018

မြင်းခြံ ယာဉ်​ရပ်​နားကွင်းလမ်းများ အမြန်​ပြုပြင်​​ပေး​ရန် တောင်းဆို

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံယာဉ်​ရပ်​နားကွင်း (ကားကြီးကွင်း) အတွင်းမှာရှိတဲ့ လမ်း​တွေဟာ မိုးတွင်းကာလမှာ သွားလာရတာ အလွန်​ဆိုးဝါး​နေတာ​ကြောင့် အမြန်​ဆုံး ပြုပြင်​​ပေး​စေချင်​တယ်​လို့ ယာဉ်​ကြီးကြပ်​​ရေးရုံးမှ အတွင်း​ရေးမှူး ဦး​ကျော်​မျိုးသန့်​က ​ပြောပါတယ်​။ မြင်းခြံ ယာဉ်​ကြီးကြပ်​​ရေးရုံးမှ အတွင်း​ရေးမှူး ဦး​ကျော်​မျိုးသန့်​က "ကားဝင်း ဖြစ်​တဲ့အတွက်​ ကားလမ်း​တွေ​ ကောင်းဖို့ လိုပါတယ်​။ ဒီကားလမ်း​တွေ မ​ကောင်း​တော့ စည်​ပင်​ကို အကြိမ်​​ပေါင်းများစွာ အ​ကြောင်းကြားတယ်​။ စည်​ပင်​ကလည်း ဘတ်​ဂျက်​တင်​ထားတယ်​၊ ကျလာရင်​ ပြင်​​ပေးမယ်​လို့ပဲ ​ပြောတယ်​။ စည်​ပင်​အ​နေနဲ့က ဒီကားဝင်းကို ​ကောက်​ခံမှုမျိုးစုံနဲ့ ​ကောက်​ယူ​နေတယ်​။ ယာဉ်​ဝင်းထဲမှာ ​မော်​​တော်​ဆိုင်​ကယ်​ကအစ ​ကောက်​ခံတယ်​။ ဒီလို ​ကောက်​ခံမှု​တွေ အတိအကျ လုပ်​​ဆောင်​​နေပြီး ကားဝင်းထဲက လမ်း​တွေကို​တော့ ​ကောင်းမွန်​​အောင်​လုပ်​​ပေးဖို့ လိုပါတယ်​။ ဒီလို လုပ်​​ပေးမှသာ ကားဝင်းကို အသုံးပြု​နေတဲ့သူ​တွေ၊ စီးပွားရှာ​ဖွေ​နေတဲ့သူ​တွေ အကျိုးဖြစ်​မှာ ဖြစ်​တဲ့အတွက်​ အမြန်​ပြင်​​ပေး​စေလိုတာပါ။ ကျ​နော်​တို့ သက်​ဆိုင်​ရာဌာန အဖွဲ့အစည်း​တွေကို တင်​ပြ​ပြောဆိုတာ​တွေ ရှိ​ပေမယ့် ဒီလမ်း​တွေက ​ကောင်းမလာဘူး” လို့ ဒီဗွီဘီကို​ ပြောပါတယ်​။ မြင်းခြံကားကြီးကွင်းကို ၂၀၀၂ ခုနှစ်​က စတင်​ဖွင့်လှစ်​ခဲ့ပြီး ကားဂိတ်​ ၅၆ ဂိတ်​နဲ့အတူ ကုန်​မျိုးစုံ အ​ရောင်းအဝယ်​ပြုလုပ်​​နေတဲ့ ပွဲရုံတွေ၊ ​နေ့စဉ်​ ရပ်​​ဝေး ရပ်​နီး ခရီးသွားပြည်​သူတွေ အများအပြား ဝင်​​ရောက်​​နေပြီး ကားဝင်း အတွင်းအပြင် တိုက်​ခန်း​ပေါင်း ၃၆၅ ခန်း ပါဝင်​တာ ဖြစ်​ပါတယ်​။ မြင်းခြံ စည်​ပင်​သာယာ​ရေး​ကော်​မတီ ဥက္ကဋ္ဌ ​ဒေါက်​တာဝင့်သူက " ကျ​နော်​တို့ ​ကော်​မတီ လက်​ထက်​မှာ ကားဝင်းကို ​ပေ ၂၀၀၀ နီးပါး ကတ္တရာခင်း​ပေးခဲ့တယ်​၊ ကျန်​တဲ့ ​ပေ ၁၂၀၀ ​ကျော်​ကို ကျ​နော်​တို့ စည်​ပင်​က ကတ္တရာ အလုံး ၅၀ ​ပေးမယ်​၊ ကားဝင်းက အလုပ်​သမားနဲ့ ​ကျောက်​ဖိုး ထည့်ပေးဖို့ ​ပြောခဲ့တယ်​။ အဲ့လို​ပြော​တော့ ကားဝင်းက ထွက်​မလာဘူး။ ကျ​နော်​တို့ မြို့ပြဖွံ့ဖြိုးဖို့ဆိုတာက အများပြည်​သူ ပူး​ပေါင်းဖို့လိုပါတယ်​။ ဒီကားကြီးကွင်းကို​တော့ ၂၀၁၈-၂၀၁၉ ဘတ်​ဂျက်​ ကာလမှာ လိုအပ်​တဲ့ ​ပေ ၁၂၀၀ ကို တိုင်းက ခွင့်ပြုတဲ့အချိန်​မှာ ခင်း​ပေးသွားမှာပါ” လို့ ပြောပါတယ်။ မြင်းခြံစည်​ပင်​သာယာမှ ပွဲရုံ နဲ့ ကားဂိတ်​ကို ၁ ​ခန်းလျှင်​ ၁ လ ၇၀၀၀ ကျပ်​နှုန်း၊ စား​သောက်​ဆိုင်​ ၁ ခန်းကို ၁ လ ၅၀၀၀ ကျပ်နဲ့ အပြင်​ တိုက်​ခန်း​တ​ခန်းကို အမျိုးအစားလိုက်​ပြီး ၁ လ ၃၀၀၀ ကျပ်​ မှ ၃၅၀၀ ကျပ်​တို့နဲ့ လစဉ်​ ​ကောက်​ခံ​နေတာလည်းဖြစ်​ပြီး ကားကြီးကွင်းအတွင်း ဝင်​​ရောက်​မယ့် ​မော်​​တော်​ဆိုင်​ကယ်​ ၁ စီးကို ၁၀၀ ကျပ်​နဲ့ ​နေ့စဉ်​ ​ကောက်​ခံ​နေတာလည်း ဖြစ်​ပါတယ်​။ ခုလို မိုးတွင်းရာသီ ​ရောက်​လာတဲ့အချိန်​မှာဆို ကားကြီးကွင်းအတွင်းမှာ ​ရေဝပ်​​တာ၊ ​ရေစီး​ရေလာမရှိလို့​ ​ရေအိုင်​ဖြစ်တာ၊ ဗွတ်​ထတာ​တွေအပြင်​ သွားလာရခက်​ခဲတာ​ကြောင့် နှစ်​စဉ်​ မြို့လူထု​တွေက ​ဝေဖန်​နေကြတာပါ။ သတင်း - ရီရီထွန်း (မြင်းခြံ)
4 years Ago
Up