ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား

March 14, 2017

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား

ပဲခူးတိုင်းအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက ယာဉ်မတော်တဆမှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၄ ရက် မနက်က ဒိုက်ဦးမြို့နယ် အုတ်သျှစ်ကုန်း အမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၆၃/၁ နဲ့ ၆၃/၂ တွင် တကြိမ်ဖြစ်ပွားပြီးနောက် ရေတာရှည်မြို့နယ် သာဂရ အမြန်လမ်း ရဲတပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် (၁၇၅/၆ နှင့် ၁၇၅/၇)အကြားမှာ နောက်တကြိမ် ဖြစ်ပွားကာ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ယာဉ်မတော်တဆမှု စုစုပေါင်း ၂ ကြိမ်ဖြစ်ပွားခဲ့တာပါ။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် နေသူ ယာဉ်မောင်းအောင်သန်းမင်း မောင်းလာတဲ့ ယာဉ်အမှတ် BB/9137 COROLLA VAN ခဲပြာရောင်ယာဉ်မှာ အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၆ /၁ နဲ့ ၆၃/၂)အကြား အရောက်မှာ ယာဉ်မောင်း အိပ်ငိုက်ကာ လမ်းလယ်ကပ်တုံးအား ဝင်တိုက်မိခဲ့ပြီး လမ်းလယ်ကျွန်းပေါ် ရောက်ရှိသွားခဲ့ပါတယ်။ လူများ ထိခိုက်ဒဏ်ရာမရရှိခဲ့ပေမယ့် ယာဉ်မှာ ရှေ့ဘန်ဘာပြုတ်ထွက်ပြီး အခြား ပျက်စီးမှုများ ရှိခဲ့တယ်လို့ သိရပါတယ်။ အလားတူ မနက် ၁ နာရီက သာဂရ အမြန်လမ်းမကြီး ရဲစခန်းအပိုင်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်  နေသူ ယာဉ်မောင်းဦးခင်ကျော် မောင်းနှင်လာသော CALDINA အဖြူရောင်ယာဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၁၇၅/ ၆ နှင့် ၁၇၅/၇)အကြားမှာ အမြန်လမ်းကို ဖြတ်ကူးနေတဲ့ ကျွဲတကောင်ကို ဝင်တိုက်မိခဲ့ပြီး လမ်းလယ်ကျွန်းပေါ်ကို ရောက်ရှိသွားခဲ့ပါတယ်။ လူများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေမယ့် ကျွဲမှာ ဝမ်းဗိုက်ပြဲစုတ်ဒဏ်ရာနဲ့ ယာဉ်မှာ ရှေ့လေကာမှန်ကွဲပြီး အခြားပျက်စီးမတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး အုတ်သျှစ်ကုန်း အမြန်လမ်းမကြီး စခန်းယာဉ်မောင်း အောင်သန်းမင်းကို ယာဉ် (ပ)၄/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် လည်းကောင်း၊ သာဂရ အမြန်လမ်းမကြီးရဲစခန်းမှ (ပ)၅/၁၇ အမြန်လမ်းမကြီးများ ဥပဒေပုဒ်မ ၁၈ ဖြင့် လည်းကောင်း အမှုဖွင့်လှစ် အရေးယူထားပါတယ်။ သတင်း -  ကျော်အောင် (ကညွတ်ကွင်း)
5 years Ago
Up