ယာဉ်ထိန်းရဲတပ်ဖွဲ့

A d v e r t i s e m e n t With Us

October 6, 2016

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဗိုက်ဘာမှတဆင့် ၂လအတွင်း အကြိမ်ပေါင်း ၁၇၀၀ ခန့် တိုင်တန်းခဲ့

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်တဲ့ ယာဉ်တွေကို ဗိုက်ဘာကတဆင့် တိုင်ကြားခဲ့တာဟာ နှစ်လအတွင်း အကြိမ်ပေါင်း ၁၇၀၀ လောက် ရှိခဲ့ပါတယ်။ သြဂုတ် ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ ၁၆၆၂ ကြိမ် တိုင်တန်းလာခဲ့တယ်လို့ ရန်ကုန် ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ပြီး လမ်းပြောင်းပြန် မောင်းနှင်မှုနဲ့ အများဆုံးတိုင်တန်းခံရတာပါ။ သြဂုတ် ၂၅ ရက်နေ့အထိ တနှစ်ကာလအတွင်းမှာတော့ တိုင်ကြားမှုက ၁၆၄၂၇ ကြိမ် ရှိခဲ့ပြီး မော်တော်ယာဉ်ဥပဒေအရ ၁၁၆၆၇ မှု အရေးယူခဲ့ပါတယ်။ ၄၀၀၆ မှုကတော့ ဒဏ်ဆောင်ပြီးဖြစ်တယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောပါတယ်။ အမှုလက်ကျန်က ၇၆၀၀ ကျော်ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။ အွန်လိုင်းက တိုင်ကြားနိုင်တဲ့ Online Complaint Centre ဟာ ၂၀၁၆ ခုနှစ် သြဂုတ် ၁၂ ရက်နေ့မှာ တနှစ်ပြည့်ခဲ့တာပါ။ တိုင်ကြားမယ်ဆိုရင် နံပါတ်ထင်ရှားတဲ့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ နေ့ရက်၊ အချိန်၊ နေရာတွေကို ဖော်ပြပေးပို့ရမှာပါ။ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရဲ့ ဗိုက်ဘာနံပါတ်တွေကတော့ ၀၉ ၇၇၇ ၄၃ ၆၂၃၂၊ ၀၉ ၇၇၇ ၄၃ ၆၂၃၃၊ ၀၉ ၇၇၇ ၄၃ ၆၂၃၄ တို့ ဖြစ်ပါတယ်။
4 years Ago
Up