ယာဉ်တိုက်

A d v e r t i s e m e n t With Us

June 29, 2019

ယာဉ် ၃ စီးအားတိုက်မိပြီး ဘုရင့်နောင်တံတားပေါ် ခုန်ချထွက်ပြေး (ရုပ်သံ)

ရန်ကုန်၊ ဘုရင့်နောင်မှာ  ယာဉ် ၃ စီးကို ၀င်တိုက်ပြီး တံတားပေါ်ကာ ခုန်ချထွက်ပြေးတဲ့ ယာဉ်မောင်းတဦး ဒဏ်ရာရရှိခဲ့တာကြောင့် မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းက ဆေးရုံ ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။ မနေ့ညနေပိုင်းက ဖြစ်ခဲ့ပြီး ဒါကို အဲဒီနားမှာရှိတဲ့ ကားမောင်းသူတယောက်က ဗွီဒီယိုရိုက်ပြီး ဖေ့စ်ဘွတ်ခ်မှာတင်လိုက်တော့ လူပေါင်း ၃ သိန်းကျော်ဝင်ရောက်ကြည့်ရှုပြီး လူ ၉၀၀၀ လောက်က ပြန်ပြီးမျှဝေခဲ့ကြပါတယ်။ “မင်းထွက်ပြေးလို့မရအောင် wheel tax တွေ၊ license တွေသိမ်းထားမယ် ပြောပြီး ကားမှန်ရိုက်ခွဲပြီး လူကိုဆွဲထုတ်၊ ခေါင်းပါကွဲအောင်ရိုက်ပြီး ပြဿနာရှာတော့ နောက်ဆုံးတိုက်တဲ့ကောင်က တံတားပေါ်က ခုန်ချသွားရော” လို့ သူတွေ့တာကိုလည်း ရေးသားထားပါတယ်။ ကားတိုက်ခဲ့သူဟာ အသက် ၂၆ နှစ်အရွယ် အငှားယာဉ်မောင်း ကိုဇေယျာအောင်ဖြစ်ပြီး ကား ၂ စီးကို တိုက်မိလို့ မောင်းပြေးလာရာကနေ နောက်ထပ် ကားတစီးကို ထပ်တိုက်မိတာ ဖြစ်ပါတယ်။ နောက်ဆုံးတိုက်မိတဲ့ကားက နောက်ကလိုက်လို့ ဘုရင့်နောင်ကုန်းကျော်တံတားပေါ်မှာ မီလာပြီး အခုလို ဖြစ်ခဲ့တာပါ။ တံတားပေါ်က ခုန်ချခဲ့ပေယ့် ၂ ထပ်တံတားဖြစ်လို့ အောက်က တံတားပေါ်ကိုကျသွားကာ ဒဏ်ရာရရှိခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့က အကူအညီတောင်းလို့ မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေးအသင်းက သူ့ကို အင်းစိန်ဆေးရုံကို ပို့ပေးခဲ့ပါတယ်။
2 years Ago
Up