ယာဉ်တိမ်းမှောက်မှု

March 22, 2019

ငပုတောတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှာ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ မတ် ၂၁ ရက်နေ့ ၀၈ ၃၀ အချိန်က ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ပုသိမ်-မော်တင်ကား လမ်း မိုင်တိုင်(၇၂/၀-၁)ကြား တောင်ကုန်းအတက်မှာ မင်းမင်းဦး မောင်းနှင်ပြီး ခရီးသည် ၁၇ ဦး လိုက်ပါလာတဲ့ 9E/×××× Canter ယာဉ်မှာ နောက်ပြန်လျှောကျတိမ်းမှောက်ခဲ့တာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် ဦးဝင်းနိုင် (၄၇) နှစ် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ ၁၁ ဦးကို ကျုံကူးတိုက်နယ်ဆေးရုံ ပို့ဆောင်ကုသထားပြီး အမျိုးသမီးတဦး အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။ မင်းမင်းဦး ကျုံကူးနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု၊ ပါ့လျော့မှုကြောင့် ပြင်းထန်/သာမန် နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
2 years Ago

April 29, 2018

မင်းလှတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၂ ဦး သေ၊ ၂၀ ဒဏ်ရာရ

မင်းလှမြို့နယ်၊ စစ္စနို့-ကန်တုတ် ကျေးရွာချင်းဆက် မိုင်တိုင် ၁၆/၁-၂ ကြားမှာ ဧပြီ ၂၈ ရက် ညနေပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ယောက်သေဆုံးပြီး  အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်မှာ ယာဉ်မောင်း လင်းမောင်မောင် မောင်းနှင်ပြီး ခရီးသည် ၂၀ လိုက်ပါလာတဲ့ လိုက်ထရပ်ယာဉ်ဟာ ဘီးပေါက်ပြီး တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ကျား ၁ ဦး၊ မ ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအ၀င် ကျန်ခရီးသည် အယောက် ၂၀ လုံး ဒဏ်ရာရရှိခဲ့ကာ ၁၁ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဖော်ပြထားပါတယ်။ ရေနံမ နယ်မြေရဲစခန်းက ယာဉ်မောင်း လင်းမောင်မောင်ကို ယာဉ်ပေါ့ဆမှုကြောင့် လူသေမှု၊ ပြင်းထန်/သာမန် ဒဏ်ရာရစေမှုနဲ့ ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈/၃၃၇ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
3 years Ago
Up