ယာဉ်တစီးတန်းလန်းချိတ်

July 15, 2015

အမေရိကန် အဝေးပြေးလမ်းတွင် ယာဉ်တစီး တန်းလန်းချိတ်၍ ကယ်ဆယ် (ရုပ်သံ)

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်က ဒက်ထရွိုက်မြို့အနား အဝေးပြေးကားလမ်းတခုမှာ နောက်တွဲယာဉ်ပါတဲ့ ကားတစီး တန်းလန်းချိတ်နေလို့ မီးသတ်သမားတွေက ဝန်ချီစက်တွေသုံးပြီး ယာဉ်မောင်းကို ကယ်ခဲ့ရပါတယ်။ ဇူလိုင် ၁၅ ရက်နေ့က ဖြစ်ရပ်ကြောင့် အဝေးပြေးလမ်းရဲ့ အစိတ်အပိုင်းကို ပိတ်ခဲ့ရပြီး ဝန်ချီစက်ပါတဲ့ ကားအတော်များများလည်း တွဲလောင်းချိတ်နေတဲ့ ကားကို ဖယ်ဖို့ ရောက်လာခဲ့ကြပါတယ်။ တွဲလောင်းကားပေါ်က ကားမောင်းသူကိုတော့ ဒဏ်ရာအနာတရ မရှိဘဲ မီးသတ်သမားတွေက ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကားမောင်းသမားဟာ အဝေးပြေးလမ်းရဲ့ အကာအရံတွေကို ကားက ကျော်ထွက်မသွားခင် မတော်တဆမှုတခုမှာ ပါခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံခဲ့ပါတယ်။
6 years Ago
Up