ယာယီအုပ်ချုပ်ရေးကောင်စီ

May 5, 2021

ကလေးတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

စစ်ကိုင်းတိုင်း၊ ကလေးတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီကို မေလ ၄ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း ကြေညာပါတယ်။

ဖက်ဆစ်အာဏာရှင်တို့ရဲ့ ဝါဒမှိုင်း ဖြန့်ချိရေးအတွက် အသုံးချကျွန်ပညာရေးစနစ် အမြစ်ပြတ် ပြုတ်ကျရေးနဲ့ အနာဂတ်ဖယ်ဒရယ်ပညာရေးစနစ် ကျင့်သုံးနိုင်ဖို့အတွက် တော်လှန်ရေး ကြားကာလအတွင်း ကလေးတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီကို ဆရာများ ကိုယ်စားလှယ်၊ ကျောင်းသားများ ကိုယ်စားလှယ်၊ ဝန်ထမ်းများ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့လိုက်ကြောင်း ထုတ်ပြန်ပါတယ်။

ကလေးတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီက အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အတွက် ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် ပေါ်ပေါက်လာနိုင်ဖို့ တက္ကသိုလ်များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကလေးတက္ကသိုလ်ရဲ့ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားထုကို ကိုယ်စားပြုရမယ်လို့ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တာဝန်ခံရမယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကြေညာတဲ့ ပဋိညာဉ်ကို ရေးဆွဲရမယ်လို့  ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

2 weeks Ago

မုံရွာတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

မုံရွာတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်ကြောင်း မေလ ၄ ရက်နေ့မှာ ကြေညာ ထုတ်ပြန်ပါတယ်။

မုံရွာတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီဖွဲ့ ကြားကာလတွင်း တက္ကသိုလ်အုပ်ချုပ်ရေး ပညာရေးကိစ္စအဝဝကို စီမံခန့်ခွဲဖို့  CDM ဆရာ၊ ဆရာမ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်၊ ဝန်ထမ်းသမဂ္ဂ ကိုယ်စားလှယ်၊ ကျောင်းသားဟောင်းကိုယ်စားလှယ် မြို့မိမြို့ဖ ကိုယ်စားလှယ်တွေနဲ့ မေလ ၄ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်လိုက်တာပါ။

စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်တဲ့  တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့များအစား တက္ကသိုလ် စီမံအုပ်ချုပ်ရေးတာဝန်တွေ ထမ်းဆောင်ဖို့ ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်နဲ့ အညီ တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်ရစေရန် ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။

ကောင်စီအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့  ချိတ်ဆက်ဆောင်ရွက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးမှ ချမှတ်တဲ့ ညွှန်ကြားချက်တွေအတိုင်း ပူးပေါင်းရွက်ဆောင်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

2 weeks Ago

April 30, 2021

မော်လမြိုင်နည်းတက္ကသိုလ်၏ အမြင့်ဆုံးဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

အုပ်ချုပ်ရေးနဲ့ ပညာရေးဆိုင်ရာကိစ္စတွေ ဆုံးဖြတ်ဆောင်ရွက်ဖို့ မော်လမြိုင် နည်းပညာတက္ကသိုလ်ရဲ့ ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီကို ဧပြီ ၂၉ ရက်နေ့မှာ ဖွဲ့စည်းလိုက်တယ်လို့ မော်လမြိုင်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီအုပ်ချုပ်ရေးကောင်စီဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် မော်လမြိုင်နည်းပညာ တက္ကသိုလ်မှာ အမြင့်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တက္ကသိုလ်အာဏာပိုင်အဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

တက္ကသိုလ် အုပ်ချုပ်ရေးကောင်စီမှာတော့ ကျောင်းသားများ သမဂ္ဂကိုယ်စားလှယ်တွေ၊ ဆရာများ သမဂ္ဂကိုယ်စားလှယ်တွေ၊ ကျောင်းသားဟောင်း ကိုယ်စားလှယ်တွေနဲ့ ပညာရပ်ဆိုင်ရာ ပါဝင်ထိုက်သူ တက်သိပညာရှင်တွေ ပါဝင်ပါတယ်။

တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီးနောက် စစ်ကောင်စီ သစ္စာခံပါမောက္ခ၊ ဌာနမှူးတွေနဲ့ ကျောင်းဆရာ၊ဆရာမတွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ အပါအဝင် ၎င်းတို့ ဖွဲ့စည်းထားတဲ့ ကော်မတီအရပ်ရပ်ကိုပါ အပြီးအပြတ် ရုတ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။

ဒီအုပ်ချုပ်ရေးကောင်စီဟာ ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ် ထူထောင်နိုင်ဖိုနဲ့ တက္ကသိုလ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် autonomy ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးကောင်စီဟာ မော်လမြိုင် နည်းပညာတက္ကသိုလ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်အဖြစ် ကြေညာနိုင်တဲ့ ပဋိညာဉ်ရေးဆွဲခြင်းကို မကြာမီကာလအတွင်း အကောင်အထည်ဖော် ရေးဆွဲကြေညာသွားမယ်လို့ ဆိုပါတယ်။

3 weeks Ago
Up