ယာယီအနားယူမည့်သတင်း

May 2, 2020

ရာထူးကနေ ယာယီအနားယူမည့်သတင်း မမှန်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြေရှင်း

နှလုံးရောဂါခွဲစိတ်ကုသရမယ့် အရေးပေါ်အခြေအနေကြောင့် ဝန်ကြီးချုပ်ရာထူးကနေ ယာယီအနားယူရမယ်ဆိုတာ မဟုတ်မမှန်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဖြေရှင်းထားပါတယ်။  ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟာ ရာထူးကနေ ယာယီ အနားယူမယ်ဆိုတဲ့ သတင်းတွေ လူမူကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတဲ့အပေါ်  ပြန်လည်ဖြေရှင်းလိုက်တာပါ။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟာ နှလုံးခွဲစိတ်ကုသမှုကို ၂၀၁၇ ခုနှစ်ကတည်းက ခံယူထားပြီး လက်ရှိအချိန်မှာ အလုပ်တာဝန်တွေကို ကျန်းကျန်းမာမာနဲ့ တာဝန်ထမ်းဆောင်နေတယ်လို့လည်း ဆိုထားပါတယ်။  ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနားပေးခံရတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့လို့ ဝန်ကြီးချုပ်က မဟုတ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ရဖူးပါတယ်။
12 months Ago
Up