ယာယီရပ်နား

November 1, 2020

ရေကြည်တွင် မဲလက်မှတ် မှားယွင်းထုတ်ပေးခဲ့သဖြင့် ကြိုတင်မဲပေးမှု ယာယီရပ်နား

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ချောင်းဖျား ကျေးရွာအုပ်စုအတွင်းက မဲရုံမှာ မဲလက်မှတ်တွေ မှားယွင်းစွာထုတ်ပေးခဲ့လို့ ကြိုတင်မေးပေးတာ ယာယီရပ်နားထားရတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေဆီက သိရပါတယ်။ အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေ ကြိုတင်မဲပေးတဲ့ ၃ ရက်မြောက်နေ့မှာ မဲစာရွက် မှားယွင်းနေတာကို စတင်သတိပြုမိခဲ့တာလို့ NLD ပါတီရဲ့ ရေကြည်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသက်ဦးက DVB ကိုပြောပါတယ်။ "ဒီနေ့မနက် ကျနော်ကို ကိုယ်စားလှယ်က ဖုန်းဆက်အကြောင်းကြားလာတယ်။ မဲစာရွက်မှာ တိုင်းဒေသကြီး အမှတ် ၁ နဲ့ အမှတ် ၂ မှားပြီး ပါနေတာ၊ မြို့နယ်ကော်မရှင်ကိုတော့ တင်ပြထား ပါတယ်" လို့ပြောပါတယ်။ မဲစာရင်းစာရွက်မှားပေးခဲ့တဲ့ ချောင်းဖျားကျေးရွာအုပ်စုမှာ တိုင်းဒေသကြီး အမှတ် ၁ မဲတန္ဒနယ်မှာပါဝင်ပြီး ထုတ်ပေးခဲ့တဲ့ မဲစာရွက်တွေမှာ တိုင်းဒေသကြီး အမှတ် ၂ မဲဆန္ဒအတွက် စာရွက်တွေဖြစ်နေပြီး ကြိုတင်မဲပေးတဲ့ လူဦးရေ ၁၇၁ ဦးမြောက်မှာ သိရှိခဲ့တာလို့ ဆိုပါတယ်။ ရေကြည်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမြင့်ကတော့ မှားတဲ့ မဲစာရွက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေရှေ့မှာ မှင်နီနဲ့ ခြစ်ပြီး ပြန်အစားထိုးပေးဖို့ ပြင်ဆင်နေတယ်လို့ DVB ကို ပြောပါတယ်။ "ဒီနေ့မှ သိရတာပါ၊ မဲစာရွက်တွေမှားတာတော့ ဟုတ်ပါတယ်။ မှားတဲ့စာရွက်တွေကို  မဲရုံမှူးတွေ ကျေးလက်ရွေးကော်တွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး​တွေရှေ့မှာ ပြင်ဆင်ပေးသွားဖို့ စိစဉ်နေပါတယ်။"  မဲစာရင်းစာရွက်မှားယွင်းမှုဖြစ်ပေါ်ခဲ့တဲ့ ရေကြည်မြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စု မဲရုံမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၉၈၂ ဦးရှိပြီး အသက် ၆၀ ကျော်ကြိုတင်မဲပေးနိုင်သူ ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
5 months Ago

September 22, 2020

ပုဂ္ဂလိကသတင်းစာများ ယာယီရပ်နား

နေ့စဉ်သတင်းစာထုတ်ဝေမှုတွေကို ယာယီရပ်နားမယ်လို့  ပြည်တွင်း ပုဂ္ဂလိက သတင်းစာတွေဖြစ်တဲ့ ဆဲဗင်းဒေးသတင်းစာ၊ စံတော်ချိန်သတင်းစာနဲ့  မြန်မာတိုင်းမ် သတင်းစာတိုက်တွေက ကြေညာလိုက်ပါတယ်။  ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home နေထိုင်ဖို့ သတ်မှတ်ထားတဲ့ ကာလဖြစ်တာကြောင့် စက်တင်ဘာ ၂၃ ရက်နေ့စပြီး ရပ်နားမယ်လို့ ဆဲဗင်းဒေးသတင်းစာအယ်ဒီတာအဖွဲ့က ကြေညာထားပါတယ်။ မြန်မာတိုင်းမ်သတင်းစာကတော့ ရန်ကုန်တိုင်းမှာ နေအိမ်အတွင်း နေထိုင်ဖို့ သတ်မှတ်ထား တဲ့ စက်တင်ဘာ ၂၂ ကနေ အောက်တိုဘာ ၇ အထိ ရပ်နားမှာ ဖြစ်ပါတယ်။  စံတော်ချိန်သတင်းစာကတော့ စက်တင်ဘာ ၂၂ ကနေ စက်တင်ဘာ ၂၈ အထိ ရပ်နားမှာ ဖြစ်ပါတယ်။ သတင်းစာထုတ်ဝေမှုတွေကို ရပ်နားထားပေမယ့် ပြည်သူတွေအနေနဲ့ သိသင့်သိထိုက်တဲ့ သတင်းတွေကို သိရှိနိုင်ဖို့အတွက် သတင်းဌာနတွေရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ဝက်ဆိုက်တွေကနေ ပြီးတော့ သတင်းတွေကို ပုံမှန်တင်ဆက်သွားမယ်လို့ ဆဲဗင်းဒေးသတင်းစာနဲ့ မြန်မာတိုင်းမ် သတင်းစာ က ကြေညာပါတယ်။ ရန်ကုန်တိုင်းအတွင်း ထုတ်ပြန်ထားတဲ့ Stay at Home အမိန့် သတ်မှတ်ချက်တွေမှာ မီဒီယာလုပ်ငန်းတွေကင်းလွတ်ခွင့်မပါတာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျန်းမာရေးနဲ့ အာကစားဝန်ကြီးဌာနတို့ကို မေတ္တာရပ်ခံစာ ပေးပို့တင်ပြထားတယ်လို့ စက်တင်ဘာ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားပါတယ်။ အခုလိုမေတ္တာရပ်ခံတင်ပြရတာဟာ ကိုဗစ်-၁၉ ကပ်ဘေးကာလနဲ့  ရွေးကောက်ပွဲကာလ သတင်းမှန်တွေကို ဖော်ပြပေးပို့နိုင်ဖို့ ရည်ရွယ်ပြီး တောင်းဆိုတာဖြစ်တယ်လို့လည်း မီဒီယာကောင်စီက ဆိုပါတယ် ။ သတင်း - ဇာဇာမောင်(CJ)
7 months Ago
More News
Up