ယာယီပိတ်

June 30, 2021

ပုသိမ်မြို့၊ အ.ထ.က (၂) ​ကျောင်း ယာယီပိတ်

ပုသိမ်မြို့၊ အ.ထ.က (၂) ​ကျောင်းမှာ ​ဇွန်လနောက်ဆုံးပတ်က ​ကျောင်းသား တစ်ဦး ကိုဗစ်​ရောဂါပိုး​တွေရှိခဲ့​တာကြောင့် ဇူလိုင် ၁ ရက်​နေ့ကစတင်ပြီး ၁၂ ရက်​နေ့အထိ ယာယီ ​ကျောင်းပိတ်မယ်လို့ သိရှိရပါတယ်။

ပုသိမ်မြို့မှာ ကိုဗစ်​ကူးစက်မှု ပြန်လည်မြင့်တက်လာပြီး​နောက်ပိုင်း ပိတ်သိမ်းခြင်းဖြစ်ပါတယ်။

​ဒေသခံတစ်ဦးက "ကိုဗစ် အခုအရမ်းများ​နေတာ ​ကျောင်း​တွေ မပိတ်ဘူး၊ ကိုဗစ်က လူစုလူ​​ဝေးနဲ့ဆို ပိုပြီးကူးစက်တာ​လေ၊ သူတို့ ဘယ်သူဘာဖြစ်ဖြစ်ဆိုပြီးလုပ်​နေတာ၊ အခု ပုသိမ်ဆို ​နေရာစုံ ​ရောဂါပြန့်​နေတာ" လို့ ​ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ​​ကျောင်းတွေမှာ ကိုဗစ် ​ရောဂါကူးစက်မှုရှိပေမယ့် Mask တပ်ပြီး သင်ကြားဖို့ စစ်ကောင်စီက ဇွန် ၂၅ ရက်​နေ့မှာ ညွန်ကြားထား​ကြောင်း သိရှိရပါတယ်။

4 months Ago

March 1, 2021

မြန်မာပလာဇာကို မတ် ၂ ရက်နေ့မှစ ယာယီပိတ်

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ တည်ရှိတဲ့ မြန်မာပလာဇာကို မတ် ၂ ရက်နေ့ကစတင်ပြီး ယာယီပိတ်ထားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအမျိုးမျိုးကြောင့် ယာ ယီပိတ်ထားမှာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မယ့် နေ့ရက်ကို မြန်မာပလာဇာရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတဆင့် ထပ်မံအသိပေးကြေညာသွားမယ်လို့ ဆိုပါတယ်။

ရန်ကင်းမြို့နယ်ထဲ အချက်အချာကျတဲ့ နေရာမှာ တည်ရှိတဲ့ မြန်မာပလာဇာကို စစ် တပ်အာဏာသိမ်းထားတဲ့ ကာလတလျှောက် ဖွင့်လှစ်ထားခဲ့တာဖြစ်ပြီး အဲဒီရှေ့မှာ စစ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြစုဝေးသူတွေ နေ့စဉ်ရှိနေတဲ့ နေရာတခု ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။ 

၂ ငါးလုံးအထွေထွေသပိတ်အပြီး ဒုတိယအကြိမ်မြောက် ပြည်လုံးကျွတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအနေနဲ့ Milk Tea Alliance လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာနဲ့အတူ ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာပါ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

8 months Ago
More News
Up