ဒီမနက်က ဓာတ်အားလိုင်းတိုင်တခုမှာ ကြွေသီးတွဲအပြစ်ဖြစ်လို့ ရန်ကုန်မြောက်ပိုင်း ခရိုင်ထဲက နေရာတချို့နဲ့ ဧရာဝတီတိုင်းမှာ ယာယီ ဓာတ်အားပြတ်တောက်နေပါတယ်။
မနက် ၅ နာရီကျော်က ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလိုင်း တိုင်အမှတ် ၄ မှာ ကြွေသီးတွဲ အပြစ်ဖြစ်ပြီး ဓာတ်အားပြတ်တောက်ခဲ့တာလို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနဲ့ လိုင်းထိန်းသိမ်းရေးဌာနက ဆိုပါတယ်။
အဲဒီကြွေသီးတွဲတွေ အသစ်လဲလှယ်တာကို မဟာဓာတ်အားလိုင်း ထိန်းသိမ်းရေး ဝန်ထမ်းတွေက ဆောင်ရွက်နေပြီး ဓာတ်အား အမြန်ဆုံးပြန်လည်ရရှိရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
11 months Ago