.ယာယီထိန်းသိမ်း

A d v e r t i s e m e n t With Us

February 1, 2021

ယာယီထိန်းသိမ်းခံခဲ့ရသည့် ဝေါလွှတ်တော်အမတ်၏ ပြောကြားချက်

ဝေါလွတ်တော်အမတ် ဦးမောင်ဒီ “ဒီမနက် ၄ ခွဲလောက် သူတို့စရောက်တယ်။ ဝေါရဲရော၊ တပ်ကရောပါတယ်။ ၅ နာရီလောက်သူတို့နဲ့ လိုက်သွားတယ်။ ဝေါရဲစခန်း ဝင်တယ်။ ဝေါက ၂ ယောက်ထပ်ဖမ်းတယ်။ ကိုမောင်ဦး နဲ့ ကင်းကောင်နဲ့၊ ပဲခူးက အလုပ်အမှုဆောင် တဦး၊ လူစုံတော့ စစ်ကားနဲ့ ဒိုက်ဦးဘက်မောင်းသွားတယ်။ နေရာတော့ မသိဘူး။ ဘယ်ဘက်ချိုးတဲ့ တပ်တခုရှိတဲ့ဆီ ခေါ်သွားတယ်။ ရောက်တော့ အရာရှိဘားတိုက်မှာ ကောင်းကောင်းမွန်မွန်ပဲထားပါတယ်။ ဆေးဗိုလ်ကြီးတယောက် သွေးပေါင်တွေစစ်ပေးတယ်။ ဆေးမပါတဲ့သူတွေကို ဆေးပေးတယ်။ မနက်စာတို့၊ သောက်ရေဘူးတို့ အရန်သင့်လုပ်ပေးထားတယ်။ အဲဒီမှာ ၂ နာရီ ၃ နာရီလောက်နေပြီးတော့ တပ်မမှူးခေါ်တွေ့တယ်။ အဲဒီကို စစ်ကားနဲ့ပဲခေါ်သွားတာ။  အဲဒီမှာ ဘုရားကြီးဘက်က ဒေါ်ကြည်စမ်းက ရောက်နှင့်နေပြီ။ ကျ‌နော်တို့ကို ဖမ်းသွားတာ ယောက်ျားချည်း ၄ ယောက်၊ ၁၀ မိနစ်လောက်ကြာတော့ တပ်မမှူးရောက်လာတော့ ဓာတ်ပုံတွေရိုက်၊ ဘာတာဝန်တွေ ထမ်းဆောင်လည်းမေးတယ်။ နောက် တပ်မမှူးက အပေါ်ဘက်မှာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းနေကြတယ်။ ကျေလည်မှုရတယ်လို့ ပြောတယ်။ အကိုတို့ကို အိမ်တိုင်ရာရောက် လိုက်ပြန်ပို့ပေးမယ်လို့ ပြောတယ်။ ထမင်းစားပြီမှ ပြန်လည်းရတယ် အခုပြန်လည်း ရတယ်လို့ပြောတော့ အခုပြန်မယ်ဆိုတော့ တပ်မမှူးကိုယ်တိုင် ကားသုံးစီးစီစဉ်ပေးပြီး ဝေါကို ပို့ပေးတယ်။ နောက် ဝေါရဲစခန်းကနေ အိမ်ကို နေ့ခင်း ၁ နာရီလောက်ပြန်ရောက်တယ်။”

4 weeks Ago
Up