ယာယီတဲကလေး

February 25, 2017

ဖျက်သိမ်းခံရမှာကို စိုးရိမ်နေရသည့် အခမဲ့ဆေးကု ယာယီတဲကလေး - (သတင်းဓာတ်ပုံ)

ပခုက္ကူမြို့နယ် မြင်းဝန်းကျေးရွာက သက်ကြီးဘိုးဘွားတွေကို အခမဲ့ ဆေးကုသမှုပေးနေတဲ့ ယာယီတဲကလေး ဖျက်သိမ်းခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဆေးခန်းမြေနေရာကို လှူဒါန်းခဲ့သူ ဦးကျော်မိုးနိုင်ကို လယ်ယာမြေပေါ်မှာ တဲဆောက် ပြီး တခြားကိစ္စတွေသုံးစွဲတာကို သက်ဆိုင်ရာက တားမြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်မှာ အပြီးဖျက်သိမ်းဖို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီရှေ့မှာ လက်မှတ်ထိုးထားရတာကြောင့် ဒီဆေးခန်းလေး ပျက်မှာ စိုးရိမ်နေကြတာပါ။ ဒီဆေးခန်းလေးမှာ မြင်းဝန်းကျေးရွာတွင်းက သက်ကြီး ၁၀၀ ကျော်ကို လစဉ် ဆေးကုသမှုပေးဖို့ ရွာသားတွေက စီစဉ်နေကြပြီး လောလောဆယ် တကြိမ် ကုသပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ မြင့်နိုင်
4 years Ago
Up