ယာယီဆိုင်းငံ့

December 24, 2020

ဗြိတိန်နှင့် လေကြောင်းခရီးစဉ်အားလုံးကို တောင်ကိုရီးယား ယာယီဆိုင်းငံ့

ဗြိတိန်နိုင်ငံအတွင်း ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ်ပျံ့နှံ့ ကူးစက်မှာကို စိုးရိမ်တာကြောင့် ဗြိတိန်နဲ့ လေကြောင်းခရီးစဉ်အားလုံးကို တောင်ကိုရီးယားက ဒီဇင်ဘာလကုန်ထိ ယာယီ ဆိုင်းငံ့လိုက်ပါတယ်။ တောင်ကိုရီးယား ကျန်းမာရေး ဝန်ကြီးဌာန အရာရှိ ယွန်းတေးဟိုက ဒီဇင်ဘာ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ “ကျန်းမာရေး အာဏာပိုင်တွေဟာ ဗြိတိန်က ရောက်လာတဲ့ လူတွေကို လေဆိပ်မှာ ရောဂါခြေချုပ် စစ်ဆေးတာတွေ အားဖြည့် လုပ်ဆောင်သွားမယ်၊ ကူးစက်ခံ အတည်ပြုလူနာတွေကို ထောက်လှမ်းသွားမယ်၊ ကူးစက်မှုက မူကွဲသစ်နဲ့ ပတ်သက်လားဆိုတာ စစ်ဆေးသွားမယ်။” ဂျပန်ကလည်း ဒီဇင်ဘာ ၂၄ ရက်ကစပြီး ဗြိတိန်ကနေ ပြန်လာမယ့် ဂျပန်နိုင်ငံသား မဟုတ်သူတွေ ပြည်ဝင်ခွင့်ကို တားမြစ်ပိတ်ပင်သွားမယ်လို့ ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ခတ်စုနိုဘု ခါ့တိုးက သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောပါတယ်။
10 months Ago

July 28, 2020

ဟောင်ကောင်နှင့် တရားခံလွှဲပြောင်းရေးစာချုပ်ကို နယူးဇီလန် ယာယီဆိုင်းငံ့

ဟောင်ကောင်မှာ ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားလုံခြုံရေးဥပဒေသစ်ကို တုံ့ပြန်ပြီး နယူးဇီလန်ဟာဟောင်ကောင်နဲ့ တရားခံလွှဲပြောင်းရေးစာချုပ်ကို ဇူလိုင် ၂၈ ရက်မှာ ယာယီဆိုင်းငံ့လိုက်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရတဲ့ ဥပဒေသစ်ဟာ ဆန္ဒပြသူတွေကို အလွယ်တကူ အပြစ်ပေးနိုင်သလို ဟောင်ကောင်ရဲ့  ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းကို လျော့ကျစေပါတယ်။ ခရီးသွား အကြံပေးချက်မှာလည်း အဲဒီဥပဒေရဲ့အန္တရာယ်တွေကို နယူးဇီလန်နိုင်ငံသားတွေကို သတိပေးထားပါတယ်။  နယူးဇီလန်ရှိ တရုတ်သံရုံးက “ဟောင်ကောင်နဲ့ တရားခံလွှဲပြောင်းရေးစာချုပ် ခေတ္တဆိုင်းငံ့တာက တရုတ် ပြည်တွင်းရေးကို သက်သက်စွက်ဖက်တာ ဖြစ်တယ်။ နယူးဇီလန် အစိုးရ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာဆက်ဆံရေး စံနှုန်းတွေကို  ပြင်းပြင်းထန်ထန် ချိုးဖောက်တာ ဖြစ်တယ်” လို့  ထုတ်ပြန်ပါတယ်။ ကနေဒါ၊ သြစတြေးလျနဲ့ ဗြိတိန်တို့ဟာ ဟောင်ကောင်နဲ့ ချုပ်ဆိုထားတဲ့ တရားခံ လွှဲပြောင်းရေးစာချုပ်တွေကို အစောပိုင်းကပဲ ခေတ္တဆိုင်းငံ့လိုက်တယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။
1 year Ago
Up