ယာဉ်လိုင်း

A d v e r t i s e m e n t With Us

April 7, 2020

ပဲခူးတိုင်းအတွင်း ယာဉ်လိုင်းများကို ခရီးသည်ထက်ဝက်သာ တင်ခွင့်ပြု

ပဲခူးတိုင်းအတွင်းမှာပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေကို ကားခ ပိုကောက်စေပြီး တင်ဆောင်ခွင့်ပြုတဲ့ ခရီးသည်ရဲ့တစ်ဝက်လျှော့ကာ ပြေးဆွဲခွင့်ပေးမယ်လို့ ယာဉ်လုပ်ငန်းများ  ကြီးကြပ်ရေးကော်မတီက ပြောပါတယ်။ ခရီးသည် ၂၄ ဦးစာ ထိုင်ခုံပါတဲ့ ယာဉ်တွေဟာ ခရီးသည် ၁၂ ဦးကိုသာ နေရာခြား တင်ဆောင်ရမှာဖြစ်ပြီး ဂိတ်စဂိတ်ဆုံးကို အရင်က ခရီးသည်တစ်ဦးကို ကျပ် ၁၀၀၀ ကောက်ခံရာက အခုအခါ ကျပ် ၁၅၀၀ တိုးမြှင့် ကောက်ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဧပြီ ၄ ရက်မှ ၃၀ ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်ပြီး ပဲခူးတိုင်းအတွင်းက ခရိုင်၊ မြို့နယ် ယာဉ်လုပ်ငန်းများကြီးကြပ်​ရေးကော်မတီတွေကိုအားလုံးကို အသိပေး အကြောင်းကြားထားတာ ဖြစ်ပါတယ်။ ညောင်လေးပင်-ရန်ကုန်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကိုလည်း အကြောင်းကြားထား​သလို ကားပေါ်မှာ သတိပေးစတစ်ကာတွေ  လိုက်လံဖြန့်ဝေထားတယ်လို့ ညောင်လေးပင်မြို့နယ် ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ပြောပါတယ်။ အရင်က ညောင်လေးပင်-ရန်ကုန် ခရီးသည်တဦးကို ကျပ် ၂၅၀၀ သာကောက်ခံရမယ်လို့ သတ်မှတ်ထားပေမယ့် အခုအခါ ကျပ် ၃၈၀၀ ကောက်ခံသွားမှာဖြစ်ပြီး ညောင်လေးပင်-ပဲခူးကို အရင်နှုန်းထား ကျပ် ၁၅၀၀ ကနေ ကျပ်  ၂၃၀၀ တိုးမြှင့်ကောက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရောဂါကာကွယ်ဖို့ ရည်ရွယ်လုပ်ဆောင်တာကို ကြိုဆိုပေမယ့် ခုအချိန်ဟာ အလုပ်အကိုင်အ​ရောင်းအဝယ်​တွေ မ​ကောင်းတာ​​ကြောင့် ခရီးသွား​ပြည်သူ​တွေ ​ငွေ​​ကြေးအခက်အခဲ ​ဖြစ်​ပေါ်​နေသလို  လောင်စာဆီစျေးတွေကျနေရတာ​​ကြောင့် တိုး​မြှင့်ကောက်ခံတဲ့နှုန်းထားကို ပြန်လျှော့ပေါ့သင့်တယ်လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။ “ယာဉ်မောင်းနဲ့ နောက်လိုက်တွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာက အရေးကြီးတယ်။ အရင်ကတည်းက ယာဉ်မောင်းနဲ့ ယာဉ် နောက်လိုက်တချို့က​ မော်​တော်ယာဉ် ဥပ​​ဒေ​တွေကို လိုက်နာမှု အားနည်းတာ​၊ လမ်းမှာ တင်ချင်သလိုတင်​တော့လည်း ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒါ​တွေကို သေချာကြပ်မတ်ဖို့တော့လိုတာ​ပေါ့။” သတ်မှတ်ထားတဲ့ ခရီးသည်ဦးရေထက် ပိုမိုတင်ဆောင်တာ၊  ငွေကြေးပိုကောက်ခံတာတွေ ရှိပါက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် နှစ်ဦးစလုံးကို ပြင်းထန်စွာအရေးယူသွားမယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
11 months Ago
Up