ယာဉ်လမ်းကြောင်းမြေပုံကမ်ပိန်း

October 27, 2019

တောင်ကြီး တန်ဆောင်တိုင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်လမ်းကြောင်းပြမြေပုံကမ်ပိန်း ပြုလုပ်

ရှမ်းပြည်နယ် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်အတွင်း ယာဉ်အန္တရယ်ကင်းရှင်းဖို့ တောင်ကြီးမြို့ မြင်းရုပ်အနီး ယာဉ်လမ်းကြောင်း မြေပုံကမ်ပိန်းကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ဟာ တနိုင်ငံလုံး လာရောက်လည်ပတ်ကြမှာ ဖြစ်တဲ့အတွက် ယာဉ်လမ်းကြောင်းတွေ၊ ပွဲတော်တွင်း စည်းကမ်းချက်တွေ ပြည်သူတွေ သိရှိဖို့ ကမ်ပိန်းပြုလုပ်တာလို့ အမှတ် ၁၈ ယာဉ်ထိန်းတပ်ဖွဲ့ ဒုရဲမှူး အောင်နိုင်မိုးက ပြောပါတယ်။  တန်ဆောင်တိုင်ပွဲတော်အတွင်းမှာ နှစ်စဉ် ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်မတော်တဆ ဖြစ်ပွားမှုတွေ ဖြစ်ပွားပြီး အခုနှစ် ယာဉ်သွားရမယ့်လမ်းကြောင်းကို မြေပုံဆွဲပြီး ပြည်သူတွေ သိအောင် ပြုလုပ်တာလို့ တရားဥပဒေစိုးမိုးရေး ကွန်ရက်မှ ကိုဝင်းနိုင်စိုးက ပြောပါတယ်။  ပွဲတော်တွင်း လမ်းကြောင်းကို တလမ်းမောင်းတွေ ပြုလုပ်မှာဖြစ်ပြီး မီးပုံးပျံသမားသွားဖို့သတ်သတ်၊ ပွဲလာသူတွေသတ်သတ် သတ်မှတ်ထားပြီး အချို့လမ်းတွေ ပိတ်ထားမှာဖြစ်ပါတယ်။ အဲ့ဒီကမ်ပိန်းကို အမတ် ၁၈ ယာဉ်ထိန်းတပ်ဖွဲ့က ဦးဆောင်ပြီး ရဲ၊ မထသ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီးလုပ်တာဖြစ်ပါတယ်။ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၄ ရက်နေ့ကနေ ၁၂ နေ့ထိ ၉ ည၊ ၈ ရက် ကျင်းပမှာပါ။ ခွန်ရာဇာ
2 years Ago
Up