ယာဉ်မောင်းအောင်ကြီး ကျောင်းထဲတွင် လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့ခြင်းမရှိဟု ဆရာမ ထွက်ဆို

October 23, 2019

ယာဉ်မောင်းအောင်ကြီး ကျောင်းထဲတွင် လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့ခြင်းမရှိဟု ဆရာမ ထွက်ဆို 

ဖမ်းဆီးတရားစွဲခံနေရတဲ့ ယာဉ်မောင်း အောင်ကြီးအနေနဲ့  ကျောင်းခန်းထဲမှာ လိင်အကြမ်းဖက်မှု လုံးဝကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ Wisdom Hill မူကြိုကျောင်းက ကျောင်းဆရာမ တဦးက တရားခွင်မှာ ထွက်ဆိုလိုက်ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ပြုလုပ်တဲ့ ဗစ်တိုးရီးယားအမှုရုံးချိန်း တရားခွင်မှာ အခုလို ထွက်ဆိုခဲ့တာပါ။ အောင်ကြီးအနေနဲ့ ကျောင်းကိုရောက်လာတဲ့ နေ့လည် ၃ နာရီ ၁၂ မိနစ်ကနေ ပြန်ထွက်သွားတဲ့အချိန်ထိ ထိုင်ရာကနေ မထခဲ့သလို ကလေးတွေရှိတဲ့အခန်းထဲကိုလည်း ဝင်ရောက်ခဲ့တာ မရှိဘူးလို့ ဆရာမ နီလာအေးက ထွက်ဆိုခဲ့တာပါ။ ဒါ့အပြင် ဗစ်တိုးရီးယားလေးဟာလည်း သူနဲ့ ဒါမှမဟုတ် တခြားဆရာမတွေလည်း ရှိနေတဲ့အတွက် လုံခြုံမှုရှိတယ်လို့ ထွက်ဆိုသွာခဲ့ပါတယ်။ နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ အသက် ၃ နှစ် အရွယ် ကျောင်းသူလေးတဦး အဓမ္မပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ ပတ်သက်ပြီး ဒီကနေ့  ၉ ကြိမ်မြောက် ရုံးချိန်းမှာ ဆရာမနှစ်ဦးနဲ့ CCTV မှတ်တမ်းတာဝန်ခံကို စစ်ဆေးခဲ့ပါတယ်။
2 years Ago
Up