ယာဉ်နောက်လိုက်

A d v e r t i s e m e n t With Us

November 2, 2020

ကယားတွင် ယာဉ်နောက်လိုက် ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့၊ အတည်ပြုလူနာ ၉ ဦးရှိလာ

ကယားပြည်နယ်မှာ  နိုဝင်ဘာ ၁ ရက်နေ့က ကုန်တင်ယာဉ်နောက်လိုက်တဦးမှာ ကိုဗစ်- ၁၉ ပိုးတွေ့ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၉ ဦးရှိလာပြီလို့ သိရပါတယ်။ ကယားပြည်နယ်ကို ဝင်ရောက်လာတဲ့ ကုန်ကား ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၁၅၂ ဦးကို နိုဝင်ဘာ ၁ ရက်နေ့က လွိုင်ကော်မြို့၊ ဝါရီကောခူ အ.ထ.က ကျောင်းဝန်းအတွင်းရှိ ယာယီ ကုန်တင်ယာဉ်ရပ်နားစခန်းမှာ ကိုဗစ်-၁၉ Antigen Rapid Diagnostic Test (RDT) နဲ့ စစ်ဆေးရာမှာ ယာဉ်နောက်လိုက် ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရတာလို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ရောဂါပိုးတွေ့ရှိသူဟာ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ် (က) ရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က  RDT Test နဲ့ စစ်ဆေးရာမှာ Negative အဖြေထွက်တာကြောင့် လွိုင်ကော်မြို့ကနေ မန္တလေးမြို့ကို ထွက်ခွာခဲ့သူ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့  မန္တလေးမြို့ကနေ  ယာဉ်မောင်းနဲ့ ကုန်တင်ပြီး ပြန်လာခဲ့တာ ဝါရီကောခူ ယာယီကုန်တင်ယာဉ် ရပ်နားစခန်းကို ၃၀ ရက်နေ့ ညနေက ရောက်ရှိခဲ့ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့မှာ ပြန်လည်ထွက်ခွာဖို့ Tast Kit နဲ့ စစ်ဆေးစဉ် Positive အဖြေထွက်တာဖြစ်ကြောင်းလည်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။ ပိုးတွေ့လူနာနဲ့ ဆက်စပ်မှုရှိသူ ယာဉ်မောင်း/ယာဉ်နောက်လိုက် ၄ ဦးကို စစ်ဆေးရာမှာ ပိုးမတွေ့ပေမဲ့ လိုင်ကော်မြို့ နတလ ကွာရန်တင်းစင်တာကို ပို့ဆောင်ပြီး  Swab  ထပ်မံ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ပိုးတွေ့လူနာရဲ့ လက်ရှိကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်ကို ပြောင်းရွှေ့ကုသပေးနေပါတယ်။ ကယားပြည်နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ ကိုဗစ် - ၁၉ အတည်ပြုလူနာ ၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပထမဆုံး ပိုးတွေ့လူနာကတော့ ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ အောက်တိုဘာ ၃၁ ရက်နေ့က ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့ပါတယ်။ ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး
4 months Ago

October 21, 2020

ကော့သောင်းမြို့ ၁၂ မိုင် စစ်ဆေးရေးဂိတ်၌ ယာဉ်နောက်လိုက် ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့အဝင် ၁၂ မိုင် စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၂၀ ရက်က ရန်ကုန်မှ ဝင်ရောက်လာတဲ့ ယာဉ်နောက်လိုက် တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိတယ်လို့  ဂိတ်တာဝန်ရှိသူက ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ကော့သောင်းမြို့ကိုဝင်ရောက်လာတဲ့ မော်တော်ယာဉ်တွေရဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်-၁၉ ရောဂါရှိ မရှိ  အမြန်စစ်ကိရိယာနဲ့ စစ်ဆေးရာမှာ ပိုးတွေ့ရှိခဲ့တာပါ။ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က “ပိုးတွေ့သူကို ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီး အထူးသီးသန့်ဆောင်မှာ ထားရှိကုသမှု ပေးထားမှာပါ၊ လူနာကတော့ အခုကျန်းကျန်းမာမာပါပဲ။ သူနဲ့အတူပါလာသူကိုတော့  ကွာရန်တင်းဝင်ခိုင်းထားပါတယ်။ အရင်ပိုးတွေ့ထားတဲ့ အထူးရဲလည်း သက်သာနေပါ။ ပြီးနောက် ၂ ရက်လောက်ဆိုရင်​ ဆေးရုံကဆင်းလို့ရပြီ”လို့ ပြောပါတယ်။  အခုလက်ရှိ ကော့သောင်းမြို့မှာ ကိုဗစ်-၁၉  ပိုးတွေ့လူနာ ၂ ဦးရှိပြီး တစ်ဦးကတော့ ဆေးရုံက ဆင်းတော့မှာ ဖြစ်တယ်လို့ လို့ရပါတယ်။ အရင်က ကော့သောင်းမှာ ပိုးတွေ့လူနာ မလေးရှားပြန် တစ်ဦးနဲ့ နိုင်ငံခြားသင်္ဘောသား သုံးဦးတွေ့ရှိပြီး ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားပြီ ဖြစ်ပါတယ်။ သတင်း - လတ်ကိုကိုဦး
4 months Ago
Up