ယာဉ်တိုက်မှု

October 2, 2021

ကျောက်မဲမြို့တွင် ၁၂ ဘီးကားနှင့် ကုန်တင်ကားငယ် တိုက်မိ၊ ကားငယ် မီးလောင်

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပင်တိန်ရွာနဲ့ ခိုက်တုန်ဟုန်ရွာကြား ရင်ကွဲတောင်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အောက်တိုဘာ ၁ ရက် ည ၁၀ နာရီလောက်က ယာဉ်မတော်တဆမှု ဖြစ်ပွားကာ ကားတစ်စီး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လာရှိုးကနေ မန္တလေးကို မောင်းနှင်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်နဲ့ မန္တလေးကနေ လာရှိုးကို မောင်းနှင်လာတဲ့ ကုန်စုံတင်လာတဲ့ ကားငယ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့တာပါ။

အဲဒီယာဉ်မတော်တဆမှုကြောင့် ကားငယ် မီးလောင်ကျွမ်းခဲ့ပြီး ကားငယ်ယာဉ်မောင်းမှာ တံတောင်ဆစ် ပေါက်ပြဲဒဏ်ရာ၊ ညာမျက်ခုံးအနီး ပွန်းပဲ့ဒဏ်ရာနဲ့နဖူးပေါက်ဒဏ်ရာ ရရှိခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့တဲ့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။ 

ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းက မီးလောင်နေတဲ့ ကုန်စုံကားငယ်ကို မီးငြှိမ်းသတ်ခဲ့ပြီး လမ်းပေါ်ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို ရှင်းလင်းကာ ယာဉ်တွေ သွားရ လွယ်ကူအောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo - ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း

2 weeks Ago

July 20, 2021

ပါကစ္စတန်တွင် ခရီးသည်တင်ဘတ်စ်ကားနှင့် ကုန်ကား တိုက်မိပြီး လူ ၃၀ ထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာ ခရီးသည်တင် ဘတ်စ်ကားတစီးနဲ့ ကုန်ကားတစီး ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာ တိုက်မိလို့ လူအယောက် ၃၀ ထက်မနည်း သေဆုံးပြီး ၇၄ ယောက် ဒဏ်ရာရတယ်လို့ ကယ်ဆယ်ရေးနဲ့ ဆေးရုံအရာရှိတွေက ပြောပါတယ်။

လာဟိုးမြို့ အရှေ့တောင်ဘက် ၂၈၉ မိုင်အကွာ ဒေရာဂါဇီခန်းခရိုင်မှာ မနက် ၅ နာရီခွဲကျော်လောက်က ဘတ်စ်ကားဟာ ကုန်သေတ္တာတင် ကုန်ကားကို ဝင်တိုက်မိခဲ့တာလို့ ကယ်ဆယ်ရေးအရာရှိတွေက ပြောပါတယ်။

ဒေရာဂါဇီခန်း သင်ကြားရေးဆေးရုံက ဆေးဘက် ကြီးကြပ်ရေးမှူး ဒေါက်တာ နာဂျီဘာရာမန်က “ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ကယ်ဆယ်ရေးဌာနက ဆေးရုံဆီ သယ်သွားပြီးပါပြီ။ ဒဏ်ရာရသူ အတော်များများက အသည်းအသန် အခြေအနေမှာ ရှိနေလို့ သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်တယ်”လို့   ပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ယာဉ်စည်းကမ်းလိုက်နာမှု ရှားပါးပြီး လမ်းပေါ် မတော်တဆ လူသေဆုံးမှုတွေ  မကြာခဏ ဖြစ်လေ့ရှိကာ ကျေးလက်လမ်း အတော်များများက အခြေအနေ ညံ့ဖျင်းတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

3 months Ago
More News
Up