ဂျပန်နိုင်ငံအလယ်ပိုင်း အဝေးပြေးလမ်းမ တစ်ခုမှာ အားပြင်းတဲ့ နှင်းမုန်တိုင်းကြောင့် ဒီဇင်ဘာ ၁၈ ရက်က ယာဉ်စီးရေ ၁,၀၀၀ လောက် ပိတ်မိနေတယ်လို့ NHK သတင်းက ထုတ်လွှင့်ပါတယ်။
နာအီဂါတာနဲ့ ဂန်မာစီရင်စုတွေမှာ ဆီးနှင်းအလွန်ကျခဲ့တာပါ။ အဝေးပြေးလမ်း တာဝန်ရှိသူတွေက ဆီးနှင်းရှင်းလင်းရေးလုပ်ပြီး မော်တော်ကားတွေသွားလို့ ရအောင် လုပ်ပေမဲ့ နာအီဂါတာကို သွားမယ့် ယာဉ်တွေဟာ ပိတ်မိနေဆဲပါ။
ယာဉ်တွေထဲမှာ ပိတ်မိပြီး နေထိုင်မကောင်းဖြစ်တာကြောင့် အရေးပေါ် မီးသတ်ဌာနကို အကြောင်းကြားတာတွေ ရှိခဲ့ပြီး လူ ၃ ယောက်ကို ဆေးရုံပို့ခဲ့ရတယ်လို့ ဒေသမီးသတ်တပ်ဖွဲ့က ဆိုပါတယ်။
ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း ကားလမ်းပိတ်ဆို့ရာ နေရာကို သွားရောက်ပြီး အစားအစာ ၊ ဓာတ်ဆီနဲ့ စောင်တွေ ဝေငှပေးခဲ့ပါတယ်။
4 months Ago