ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေက အသက် ၆၂ နှစ်အရွယ် ဂျပန်နိုင်ငံသား ယာကူဇာဂိုဏ်းဝင် ခါ့တစုဟိခို ယာ့မာ့ဇာ့ခိကို ဘန်ကောက်မြို့လယ်မှာ ဇူလိုင် ၃ ရက်နေ့က ဖမ်းပြီး ထိန်းသိမ်းထားတယ်လို့ ရိုက်တာသတင်းဌာနက ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဂျပန်အစိုးရက ဖမ်းမိန့်ထုတ်ထားခံရတဲ့ သူ့ကို ခြိမ်းခြောက်ငွေညှစ်မှု စွဲချက်တွေနဲ့ ဖမ်းထားတာပါ။
တိုက်ခိုက်မှု၊ အဓမ္မပြုကျင့်မှု၊ မီးရှို့မှုတွေ အပါအဝင် ရာဇဝတ်မှု ၁၂ မှုမှာ ပါဝင်ပတ်သက်မှုနဲ့ သူ့ကို ဂျပန်နိုင်ငံ အခိတခရိုင်က ရာဇဝတ်မှုခုံရုံးက အလိုရှိနေပါတယ်။
သူဟာ ဂျပန်နိုင်ငံအတွင်း အုပ်စုဖွဲ့ ရာဇဝတ်ဂိုဏ်း ကွန်ရက်ထဲက အလတ်စားဂိုဏ်းခွဲ အိနာ့ခါ့ဝါ့ခိုင်လို့ ခေါ်တဲ့ ဂိုဏ်းဝင် ဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေတဲ့ ဂျပန်နိုင်ငံသားတွေကို ပစ်မှတ်ထား ခြိမ်းခြောက်ငွေညှစ်မှုနဲ့ တရားစွဲထားတာကိုလည်း ရင်ဆိုင်နေရပါတယ်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတွေက ရာဇဝတ်သားတွေဟာ ထိုင်းနိုင်ငံကို ပုန်းခိုရာ ဘေးမဲ့ဇုန်အဖြစ် သုံးနေတာ အဆုံးသတ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောပါတယ်။
2 years Ago