ယဉ်ကျေးမှုပြပွဲ

July 5, 2018

တရုတ်-ရုရှားယဉ်ကျေးမှုပြပွဲ တရုတ်နိုင်ငံတွင် ကျင်းပ

၉ ကြိမ်မြောက် တရုတ်-ရုရှားယဉ်ကျေးမှုပြပွဲကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလောင်ကျန်း ပြည်နယ်က    ဟေးဟော့မြို့မှာ ဇွန်လ ၂၈ ရက်နေ့ကစပြီး ဖွင့်လှစ်ထားပါတယ်။ ဒီပွဲကို စီစီတီဗွီရုပ်သံရဲ့ ကလေးရုပ်သံလိုင်းက ဦးဆောင်ကျင်းပတာဖြစ်ပြီး တရုတ်နဲ့ ရုရှား ၂ နိုင်ငံက အနုပညာရှင်တွေအပြင် ကလေးတွေလည်း တက်ရောက်ကြပါတယ်။ ပွဲကျင်းပတဲ့မြို့ဟာ ဟေးလောင်ကျန်းမြစ်ကမ်းမှာရှိပြီး အဲဒီမြစ်ဟာ တရုတ်နဲ့ ရုရှားယဉ်ကျေးမှုတို့ ဆုံစည်းတဲ့ နေရာလည်းဖြစ်ပါတယ်။ ပွဲစီစဉ်သူတွေကတော့ ဒီပွဲတော်ဟာ တရုတ်-ရုရှား ၂ နိုင်ငံ ချစ်ကြည်ရေး ခိုင်မာဖို့၊ နှစ်နိုင်ငံ ယဉ်ကျေးမှုနဲ့ အနုပညာကို နှစ်နိုင်ငံစလုံးက ကလေးတွေ ထိတွေ့လာဖို့ အထောက် အကူဖြစ်စေမယ်လို့ မျှော်လင့်နေပါတယ်။
3 years Ago
Up