တရုတ်နိုင်ငံ အရှေ့ပိုင်းက ယန်ဇီမြစ်တံတားပေါ်မှာ သူ့ကိုယ်သူ သေကြောင်းကြံတဲ့ အမျိုးသမီးတယောက်ကို ကားဒရိုင်ဘာနဲ့ ခရီးသည်တွေက ဟန့်တားနိုင်ခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းမှာဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ကို စောင့်ကြည့်ကင်မရာက မှတ်တမ်းတင်ထားနိုင်ပါတယ်။
တံတားဘောင်ပေါ်မှာရပ်လျက် ခုန်ချဖို့ ပြင်နေတဲ့ အမျိုးသမီးကို ကားဒရိုင်ဘာက အမြန် ဟန့်တားတဲ့ပုံကို စောင့်ကြည့်ကင်မရာက မှတ်တမ်းတင်ထားပါတယ်။
အမျိုးသမီးက အတင်းရုန်းထွက်နေချိန်မှာ နောက်ထပ် ခရီးသည် ၂ ဦး ရောက်လာပြီး အမျိုးသမီးကို ကားပေါ် ဆွဲတင်သွားကြပါတယ်။
နယ်ခံရဲအဖွဲ့ရဲ့ အဆိုအရ အမျိုးသမီးဟာ မိသားစုနဲ့ရန်ဖြစ်ပြီး သူ့ကိုယ်သူ သေကြောင်း ကြံတာလို့ ဆိုပါတယ်။
5 years Ago