ယန်ဇီမြစ်ပိုင်း

August 8, 2018

ယန်ဇီမြစ်ပိုင်းတလျှောက်ရှိ တရားမဝင် ဆိပ်ကမ်းများကို တရုတ် ဖြိုချ

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ် ကျိုကျန်းမြို့ထဲက ၁၅၂ ကီလိုမီတာ ရှည်တဲ့ ယန်ဇီမြစ်ပိုင်းတလျှောက်မှာ တရားမဝင် ဆိပ်ကမ်းတွေကို ဖြိုချနေပါတယ်။ တရားမဝင် ဆိပ်ကမ်းတွေကို ကိုင်တွယ်ဖြေရှင်းနေတယ်။ ဆိပ်ကမ်း ဆယ်ခုကို ဖြိုချပြီး မြစ်ဘေးမှာ စိမ်းလမ်းတဲ့ စင်္ကြန်အဖြစ် ပြောင်းမယ်လို့ ကျိုကျန်း စီးပွားရေးဇုံန် စီမံရေးဌာန ဒုညွှန်မှူး ကျူးကို့ရှန်က ပြောပါတယ်။ အညစ်အကြေးတွေ စွန့်ပစ်ဖို့ စက်ရုံတွေကို အဆင့်မြှင့်တင်ရေး တရုတ်ယွမ်ငွေ သန်း ၁၅၀ သုံးမယ်။ လာမယ့်နှစ်ကစပြီး နှစ်စဉ် အညစ်အကြေး တန်ချိန် တသိန်းကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ သူက ပြောပါတယ်။ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး စီမံချက်တွေကိုလည်း ရေးဆွဲထားပါတယ်။ ပိုကောင်းတဲ့ ပတ်ဝန်းကျင်ဟာ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုဆွဲဆောင်ပြီး စီးပွားရေးအခွင့်အလမ်းတွေကို ပိုဖန်တီးလို့ ဒေသတွင်း စီးပွားရေးကို တိုးမြှင့်ရာမှာ ကူညီမယ်လို့လည်း စီစီတွီဗီ သတင်းဌာနက ရေးပါတယ်။ ကျိုကျန်း စည်ပင်အစိုးရက ထုတ်ပြန်တဲ့ စာတမ်းထဲမှာ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ မြို့ရဲ့ မြေပေါ်မှာ မြင်ရတဲ့ ရေအားလုံးရဲ့ ၈၅ ဒသမ ၃ ရာခိုင်နှုန်းဟာ ထိပ်တန်းအရည်အသွေး စံချိန်မှာ ရှိရမယ်။ မိလ္လာ အညစ်အကြေး ရှင်းလင်းဖယ်ရှားမှုဟာ ၉၅ ရာခိုင်နှုန်းကို ရောက်ဖို့ ပန်းတိုင် သတ်မှတ်ထားတယ်လို့ တရုတ်အစိုးရ မီဒီယာ စီစီတီဗွီ သတင်းဌာနက ပြောခဲ့ပါတယ်။
3 years Ago
Up