ယန်ဇီမြစ်ထဲ ခုန်ချမည့် အမျိုးသမီးကို ကားဒရိုင်ဘာနှင့် ခရီးသည်များ ဟန့်တား

A d v e r t i s e m e n t With Us

October 27, 2015

ယန်ဇီမြစ်ထဲ ခုန်ချမည့် အမျိုးသမီးကို ကားဒရိုင်ဘာနှင့် ခရီးသည်များ ဟန့်တား (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့ပိုင်းက ယန်ဇီမြစ်တံတားပေါ်မှာ သူ့ကိုယ်သူ သေကြောင်းကြံတဲ့ အမျိုးသမီးတယောက်ကို ကားဒရိုင်ဘာနဲ့ ခရီးသည်တွေက ဟန့်တားနိုင်ခဲ့ပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းမှာဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ကို စောင့်ကြည့်ကင်မရာက မှတ်တမ်းတင်ထားနိုင်ပါတယ်။ တံတားဘောင်ပေါ်မှာရပ်လျက် ခုန်ချဖို့ ပြင်နေတဲ့ အမျိုးသမီးကို ကားဒရိုင်ဘာက အမြန် ဟန့်တားတဲ့ပုံကို စောင့်ကြည့်ကင်မရာက မှတ်တမ်းတင်ထားပါတယ်။ အမျိုးသမီးက အတင်းရုန်းထွက်နေချိန်မှာ နောက်ထပ် ခရီးသည် ၂ ဦး ရောက်လာပြီး အမျိုးသမီးကို ကားပေါ် ဆွဲတင်သွားကြပါတယ်။ နယ်ခံရဲအဖွဲ့ရဲ့ အဆိုအရ အမျိုးသမီးဟာ မိသားစုနဲ့ရန်ဖြစ်ပြီး သူ့ကိုယ်သူ သေကြောင်း ကြံတာလို့ ဆိုပါတယ်။
5 years Ago
Up