ယဉ်ကျေးမှုအမွေအနှစ်

September 6, 2021

အာဆီယံတွင် အမွေအနှစ်အတွက် အကောင်းဆုံးထိပ်တန်းနိုင်ငံအဖြစ် ထိုင်း ရပ်တည်

ထိုင်းနိုင်ငံက အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ အမွေအနှစ်အတွက် အကောင်းဆုံး ထိပ်တန်းနိုင်ငံဖြစ်လာခဲ့တယ်လို့ နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အမေရိကန်အခြေစိုက် မီဒီယာကုမ္ပဏီ ယူအက်စ်နယူးစ်က ထုတ်ပြန်တဲ့ အခုနှစ် ၂၀၂၁ ခုနှစ်အတွက် ယဉ်ကျေးမှုအမွေအနှစ်အတွက် အကောင်းဆုံးကမ္ဘာ့နိုင်ငံတွေ စာရင်းမှာ ထိုင်းနိုင်ငံက အဆင့် ၇ နေရာက ပါဝင်လာခဲ့ပြီး အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာတော့ ထိပ်ဆုံးမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ခုလိုအဆင့်သတ်မှတ်ချက်တွေကိုတော့ နိုင်ငံ့အမွေအနှစ်တွေ၊ ယဉ်ကျေးမှုနဲ့ ကြွယ်ဝတဲ့ သမိုင်းကြောင်း၊ အစားအစာ၊ ပထဝီနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုတွေနဲ့ အခြေခံ အမှတ်ပေးတွက်ချက်ထားတာဖြစ်ပြီး မြန်မာနိုင်ငံကတော့ အဆင့် ၆၂ နေရာမှာ ရှိနေတာပါ။

ထိပ်ဆုံး ၅ နိုင်ငံစာရင်းမှာတော့ စပိန်၊ အီတလီ၊ ဂရိ၊ ပြင်သစ်၊ မက္ကဆီကိုနိုင်ငံတွေ ရှိနေပြီး အဆင့် ၆ နေရာမှာတော့ အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက ရပ်တည်နေ တာ ဖြစ်ပါတယ်။       အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံက အဆင့် ၇ နေရာမှာ ရှိနေပြီး အီဂျစ်၊ တူရကီ၊ ဂျပန်နိုင်ငံတွေက  ထိပ်ဆုံး ၁၀ နိုင်ငံထဲ အသီးသီး ပါဝင်နေတာ ဖြစ်ပါတယ်။

3 months Ago
Up